8 ပတ် - ဘာသာပြန်ပါ။

🌸 တစ်ဖက်လူကို
ပေးနိုင်တာဆိုလို့
ပူလောင်မူမရှိတဲ့မေတ္တာရယ်
နွေးထွေးသော...အပြုံးရယ်ပါပဲ။
🌸 ကိုယ့်မေတ္တာနဲ့ကိုယ့်အပြုံးကို
ယူချင်တဲ့သူတွေကိုပေးမယ်
မယူချင်တဲ့သူတွေကိုလည်းပေးမယ်
ထပ်တူထပ်မျှ ပေါ့
ငြိမ်းချမ်းစေတဲ့စိတ်ပဲရှိပါတယ်
🌸 စေတနာသန့်သန့်ပါ
မေတ္တာလည်းဖြူဖြူစင်စင်ပါပဲ
အပြုံးထဲမှာ အတ္တတွေ ကင်းစင်ပါတယ်
ဒါကိုချစ်တဲ့စိတ်နဲ့ကြည့်သူတွေက ခံစားမိနိုင်ပါတယ်
🌸 ဟန်ဆောင်မူတွေမရှိဘူး
မုသားတွေလည်းမသုံးဘူး
ယုံကြည်မူလည်းအလွဲသုံးစားမလုပ်ဘူး
သစ္စာတရားလည်းစောင့်သိတယ်
🌸 လူကောင်းတစ်ယောက်ပါလို့
အာမ မခံနိုင်ပေမယ့်
ဖောက်ပြန်ခြင်းမရှိတဲ့ချစ်ခြင်းမေတ္တာကိုတော့
တစ်ဖက်လူကို ပေးအပ်နိုင်တယ်
🌸 လူကသာ မပြည့်စုံတာပါ
ကိုယ်ကျင့်သိက္ခာကတော့
မွန်မြတ်ပါတယ်။။

image