တကယ် ချစ်တဲ့သူက မနေနိုင်ရဘူး
နေနိုင်တယ်ဆိုရင် မချစ်လို့ပဲ
အတိကျပြောရမယ်ဆိုရင်
တကယ် ချစ်တာ မဟုတ်သေးဘူး
မိဘကနေ သားသမီးကိုပဲဖြစ်ဖြစ်
ကိုယ်ကနေ ကိုယ့်ချစ်သူကိုပဲဖြစ်ဖြစ်
ကိုယ့်ချစ်သူကနေ ကိုယ့်ကိုပဲဖြစ်ဖြစ်
ဘယ်သူကဘယ်သူ့ကိုပဲဖြစ်ဖြစ်ပါ
တကယ်ချစ်တဲ့သူက လုံးဝမနေနိုင်ဘူး
ကိုယ်ချစ်တဲ့သူ စိတ်ဆင်းရဲနေမှာ
ဒုက္ခရောက်မှာကို ကြည့်မနေနိုင်ဘူး
ဝမ်းနည်းနေမှာ ကြည့်မနေနိုင်ဘူး
ငိုကြွေးနေတာကို ကြည့်မနေနိုင်ဘူး
နေနိုင်နေတယ် ဆိုထဲက တကယ် မချစ်လို့ပဲ။
