9 ပတ် - ဘာသာပြန်ပါ။

Arrietty
2010 ‧ Family/Fantasy ‧ 1h 34m

ဒီဇာတ်ကားလေးဟာ 2010 ခုနှစ်မှာထွက်ရှိထားပြီး Imdb 7.7 ထိရရှိထားတဲ့မိသားစုကြည့်ရှုနိုင်တဲ့ ဂျပန်အန်နီမေးရှင်းဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းမှာဆိုရင် အိမ်ထောင်ကွဲမိသားစုတစ်စုရဲ့ အပစ်ပယ်ခံဖြစ်တဲ့ နှလုံးရောဂါသည် ကောင်လေး Sho ဟာ သူ့ရဲ့ရောဂါခွဲစိတ်မှုမပြုလုပ်ခင်မှာအနားယူနိုင်ရန် သူ့အမေငယ်စဉ်ကနေထိုင်ကြီးပင်းခဲ့တဲ့သူ့ရဲ့အဖွားလေး ဖြစ်သူ အန်တီSadako နဲ့ အိမ်ထိန်းမိန်းမကြီး Haru တိုရဲ့အိမ်သိုခတ္တပြောင်းရွှေ့လာတာနဲ့အစပျိုးထားပါတယ်။

ထိုအတူ Sadako အိမ်ကြီးရဲ့ မြေအောက်ရှိအိမ်လေးထဲတွင်လည်း လက်မအရွယ်လောက်ရှိတဲ့ ဆယ့်လေးနှစ်အရွယ်Arrietty ဆိုတဲ့မိန်းမငယ်လေးဟာ သူမရဲ့မိဘတွေနဲ့အတူနေထိုင်လျက်ရှိပါတယ်။ Arrietty တိုမိသားစုဟာ သူတိုကိုယ်သူတို ချေးငှားသူများလိုအမည်ခံယူထားပြီး ညအချိန်များတွင်လူနေအိမ်ခြေများသိုဝင်ကာ အိမ်သုံးပစ္စည်းများခိုးယူ ယူဆောင်လေ့ရှိပေမဲ့ သူတိုယူခဲ့တဲ့ပစ္စည်းတွေဟာ လူတွေအဖိုနစ်နာမှုမရှိနိုင်တဲ့ ဆား သကြား တစ်ပွင့်နှစ်ပွင့် တွယ်ချိတ် အစရှိတဲ့အသေးမွှားလေးများပဲဖြစ်ပါတယ်။
တစ်နေ့မှာတော့ Arrietty ဟာ သူမရဲ့ပထမဆုံးချေးငှားခြင်းစလုပ်တဲ့ညမှာပဲSho ရဲ့ အိပ်ခန်းထဲမှာရှိတဲ့ တစ်ရှူး ကိုသွားယူရာမှ မတော်တဆ Sho မြင်တွေ့သွားခဲ့ရာမှာတော့....။အဲ့ဒီနောက်ဘာဆက်ဖြစ်မလဲ Sho နဲ့ Arrietty တိုဘယ်လိုရှေ့ဆက်မလဲ ဘယ်လိုအခက်ခဲတွေကြုံလာရမလဲဆိုတာ ဇာတ်လမ်းကိုသာ ဆက်ကြည့်လိုက်ကြဖိုတိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

🙆Channel Link အရင် Join ပြီးမှ ဇာတ်ကား  Link  ကိုနိပ်ပါ🗓

👑Channel Link

https://t.me/+fNZjMKbzHF5mZmM1

🖥ဇာတ်ကားကြည့်ရန် Link

https://t.me/c/2305672701/1622

image