9 w - Translate

နာမည်ကြီး တရုတ် Unitree စက်ရုပ် လူကို တိုက်ခိုက်

စက်ရုပ်တွေ ဖောက်လာရင် ကြောက်စရာကြီး။ တရုတ်မှာ လူကို စက်ရုပ်က ပြန်ဆော်တာ ဒါနဲ့ဆို ဒီနှစ်ထဲတင် နှစ်ခါ ရှိပါပြီ။

နှစ်ခါလုံးမှာ ပြဿနာရှာတဲ့ စက်ရုပ်က Unitree က ထုတ်တဲ့ H1 စက်ရုပ်တွေပါ။ အခုတစ်ခေါက်ကတော့ ပိုကြမ်းတယ် ပြောရမယ်။ H1 စက်ရုပ်တစ်ရုပ် စမ်းနေရင်းနဲ့ coding error တက်ပြီး အလုပ်သမားတစ်ယောက်ကို လိုက်ရိုက်တာပါ။

Unitree H1 တွေက ဆိုဒ်ပြည့် လူပုံတူ ဘက်စုံသုံးစက်ရုပ်တွေ ဖြစ်လို့ ဒီစက်ရုပ်လက်ချက်မိသွားရင် မချောင်ပါဘူး။ အခုစက်ရုပ်ပုံ ကြည့်ရတာ စက်မှုလုပ်ငန်းသုံး စက်ရုပ်ဖြစ်ဖို့များပါတယ်။

ဗွီဒီယိုထဲက H1 Robotic မော်ဒယ်ဆို ယွမ် ၆၅၀,၀၀၀ တန် အဆင့်မြင့်မော်ဒယ်ဖြစ်မယ်လို့ ပြောနေပါတယ်။ ဒီမော်ဒယ်ပဲ ပြီးခဲ့တဲ့ တရုတ်နှစ်သစ်ကူးပွဲတုန်းက လူအုပ်ထဲ တိုးပြီး အဒေါ်ကြီးတစ်ယောက်ကို ခေါင်းတိုက်ခွဲဖို့ လုပ်ခဲ့လို့ ပွဲဆူခဲ့ပါသေးတယ်။

image