“ နောက်ဆုံးတော့ ငါတို့အားလုံးဟာ
တစ်ယောက်တည်းသမားတွေပါ ။
အများကြီး ဖြစ်နေပေမဲ့
မတူညီတဲ့ ကမ္ဘာအသီးသီးမှာ
ရှင်သန်နေရသလိုပါ ။
တစ်ခါ တစ်ခါမှာ ကိုယ့်ခေါင်းကိုယ်
လက်ညှိုးငေါက်ငေါက် ထိုးလို့
မင်းတစ်ယောက်တည်းပဲ
မင်းတစ်ယောက်တည်းပါ ကွာလို့
သိမ်ငယ်စွာ တွန့်လိမ်စက်ဆုပ်နေရတဲ့ အချိန်တွေ
ငါတို့မှာ တကယ်ရှိခဲ့ပါတယ် ။ ”
“ တစ်ယောက်တည်းနေရတာကို
နှစ်သက်တယ်လို့ ကိုယ့်ကိုကိုယ် သေချာခဲ့ပြီးမှ
မီးရောင်စုံတွေရဲ့အဝေး မှောင်ရိပ်တစ်ခုမှာ
အထီးကျန်လှချည့်ရဲ့လို့ တိမ်မီးခိုးဖွဲဖွဲကို
နာနာကျင်ကျင် ငေးနေခဲ့ရတာတွေလည်း ရှိတာပေါ့
ဒါပေမဲ့လည်း အဲ့ဒါဟာ ဒီလူ့အဖွဲ့အစည်းထဲမှာ
အသားကျနေရတာထက်စာရင်
အများကြီး နေပျော်ပါတယ် ”
#လူအုပ်ထဲကအထီးကျန်မှု #လင်းခါး
