သူတို့ကြောင့်
အချိန်ကုန်မခံပါနဲ့ !
ကိုယ်တန်ဖိုးထားသလို
ကိုယ့်ပေါ်မှာ တုန့်ပြန်မှုမရှိတဲ့လူတွေအတွတ်
အချိန်ကုန်မခံပါနဲ့
ကိုယ့်ဘက်က ချစ်ခင်တွယ်တာသလောက်
ကိုယ့်ပေါ်ကို တစ်စက်ကလေးမှ
ငဲ့မကြည့်တတ်သူတွေအတွတ်
အချိန်ကုန်မခံပါနဲ့။
ကိုယ့်ဘက်က နားလည်မှုပေးသလောက်
ကိုယ့်ပေါ်မှာ
အနိုင်ယူတတ်သူတွေအတွတ်
အချိန်ကုန်မခံပါနဲ့။
ကိုယ့်ဘက်က
အရာရာသူ့အတွတ် ဦးစားပေခဲ့ပေမဲ့
သူ့ဘက်ကို တစ်ခြားတစ်ယောက်ကိုသာ အလေးထားတတ်တဲ့သူတွေအတွတ်
အချိန်ကုန်မခံပါနဲ့တော့။
ကိုယ့်ပေါ်ကို တစ်ချက်ကလေးမှ
ငဲ့မကြည့်တတ်သူတွေအတွတ်
တန်ဖိုးရ်ှိတဲ့အချိန်တွေကို
မစတေးလိုက်ပါနဲ့။
စာနာစိတ်မရှိတဲ့ လူတွေက
ကြင်နာတရားဆိုတာနားမလည်ကြဘူး။
တစ်ချို့လူတွေက
ဂရုစိုက်တာကိုပဲခံချင်ကြတာ
သူတို့က ပြန်ပြီး ဂရုစိုက်ပေးဖို့ဆို
နည်းနည်းလေးမှ တုန့်ပြန်မှုမရှိကြဘူး။
အယူသာရှိပြီး
အပေးမရှိတဲ့လူတွေမှာ
အတ္တဆိုတဲ့ စိတ်ဆန္ဒသာကိန်းအောင်း
နေတတ်တယ်။
ဘယ်တော့မှ တစ်ဖက်လူရဲ့
ခံစားချက်ကို ဖွင့်မဖတ်ကြဘူး။
တစ်ခါတစ်လေ
ကိုယ်နဲ့ မတော်နဲ့ ဖိနပ်ကိုစီးပြီး
လမ်းလျောက်နေရတာနဲ့စာရင်
ဖိနပ်မပါပဲ လမ်းလျောက်လိုက်တာ
ပိုပြီး ခရီးပေါက်ပါတယ်။
ရှေ့ကိုဆက်တိုးလို့ မရတော့တဲ့ခါ
နောက်ကို
ပြန်လှည့်ကြည့်လိုက်ပါ
သင့်ကို စာနာစိတ်အပြည့်နဲ့
စောင့်ကြိုနေသူတွေတွေ့ရပါလ်ိမ့်မယ်။
တစ်ချို့လူတွေက
ကိုယ့်လက်ထဲကို အတင်းထိုးထည့်နေချိန်သာ
မူနေကြတာ
သူများလက်ထဲရောက်ခါနီးမှ
တန်ဖိုးကြီးစွာ
နောင်တရလာတတ်ကြလို့
ကိုယ့်ပေါ်မှာ ကိုယ်ကောင်းသလို
မကောင်းတဲ့သူတွေ
ကိုယ်ဂရုစိုက် အလေးထားသလို
တန်ပြန်မှုမရှိတဲ့လူတွေအတွတ် အချိန်ကုန်မခံပါနဲ့။
မင်းကို
တန်ဖိုးထားတဲ့လူတွေနဲ့
လက်တွဲရမဲ့အချိန်တွေနည်းသွားလိမ့်မယ်...။
#စာပေဗဟုသုတုလူတိုင်းရ
