9 w - Translate

#ပြည်တွင်းသတင်း
◼မိုင်းခွဲဖျက်ဆီးခံရသည့် မိုးကောင်းတံတားယာယီပြင်ဆင်ပြီး၍ ကားများဖြတ်သန်းခွင့်ပြုဟုဆို
မွန်ပြည်နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ မိုင်းခွဲဖျက်ဆီးခံရသည့် မိုးကောင်းတံတားအား ယာယီပြင်ဆင်ပြီးနောက် ကားများကို ယမန်နေ့(မေ ၄ ရက်) ညနေပိုင်းမှစတင်ကာ ပြန်လည် ဖြတ်သန်းခွင့်ပြုထားကြောင်း သထုံမြို့မှကုန်ကားမောင်းသူတစ်ဦးကပြောသည်။
မော်လမြိုင်-သထုံ-ရန်ကုန် ပြည်ထောင်စုကားလမ်းမပေါ်ရှိ မိုးကောင်းတံတားသည် မေလ ၃ ရက်၊ ည ၉ နာရီ ၁၁ မိနစ်ခန့်တွင်‌မိုင်းခွဲဖျက်ဆီးခံရခြင်းကြောင့် တံတားပြိုကျပျက်စီးခဲ့ကာ ကုန်ကားများ နှင့် Express ကားများဖြတ်သန်းခွင့်မရဘဲ လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့သည်။
"ကျွန်တော်တို့က မော်လမြိုင်ဘက်ကိုသွားမှာပါ။ တံတားမိုင်ခွဲခံရတာကိုမသိဘူး။ အဲဒီနားရောက်မှ ကားတွေပိတ်နေလို့ ဘာဖြစ်တာလဲလို့ဆင်ကြည့်မှ တံတားမိုင်ခွဲခံရတာသိတယ်။ ဒါပေမယ့် အဲဒီက တာဝန်ရှိသူတွေက မြေတွေဖို့နေတယ်ဆိုတော့ ဆက်စောင့်ခဲ့တာ မနေ့ကညနေ ၅ နာရီကျော်မှာစပြီးဖြတ်သန်းခွင့်ပေးပါတယ်" ဟု သထုံမြို့မှ ကုန်ကားမောင်းသူတစ်ဦးက ပြောသည်။
မိုင်းခွဲဖျက်ဆီးခံရသည့် မိုးကောင်းတံတားနေရာကို ယာယီဖြတ်သန်းနိုင်ရန် ဒေသခံများကမြေဖို့ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြပြီး ခရီးသွားလာသူများအဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှုများ မရပ်တန့်စေရေးတို့အတွက် ပြန်လည်ပြင်ဆင်မှုများပြုလုပ်ခဲ့ကြကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - CJ

image