ဟူသီသူပုန်များ ပစ်လွှတ်သည့် ဒုံးကျည်ကို အစ္စရေးလေကြောင်းရန် မကာကွယ်နိုင်ခဲ့
(နိုင်ငံတကာ) မေ ၅
လေကြောင်းရန်ကာကွယ်ရေးတွင် နာမည်ကြီးသည့် အစ္စရေးစစ်တပ်သည် ဟူသီသူပုန်များ ပစ်လွှတ်လိုက်သည့် ဒုံးကျည်အား မကာကွယ်နိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါဒုံးကျည်မှာ အစ္စရေးနိုင်ငံ၏ အဓိကလေဆိပ်တစ်ခုဖြစ်သည့် Ben Gurion အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လေဆိပ်အားယာယီပိတ်ထားခဲ့ရကြောင်းသိရသည်။

အစ္စရေးစစ်တပ်တာဝန်ရှိသူများက အဆိုပါဒုံးကျည်အား ၎င်းတို့၏ တာဝေးပစ် Arrow ကြားဖြတ်ဒုံးကျည်ဖြစ် ဟန့်တားပစ်ခတ်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အဆိုပါပစ်ခတ်မှု မအောင်မြင်သည့် အကြောင်းအရင်းကို တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေ။

အစ္စရေးမြို့တော် တဲလ်အဗီလ်းအနီးတဝိုင်တွင် အမေရိကန်၏ အဆင့်မြင့် THAAD ဒုံးခွင်း ဒုံးစနစ်များလည်း ဖြန့်ကျက်ထားကြောင်း ဒေသတွင်းသတင်းများက ဖော်ပြထားသည်။

ထို့အပြင် အစ္စရေး၏ နာမည်ကြီး Iron Dome လေကြောင်းကာကွယ်ရေးစနစ်လည်း နိုင်ငံအနှံ့အပြားတွင် ဖြန့်ကျက်ချထားပြီး အဆင့်မြင့်ကာကွယ်ရေးစနစ်များ ဖြန့်ကျက်ချထားသော်လည်း အဆိုပါဒုံးကျည်အား ကြားဖြတ်ဟန့်တားနိုင်ခြင်းမရှိသည့်အတွက် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

image