အစ္စရေးလေဆိပ်တွေကို တိုက်ခိုက်မှုတွေ လုပ်တော့မယ်လို့ ဟူသီအဖွဲ့ ကြေညာ
ဆာနား၊ မေ-၅-၂၀၂၅
မျိုးဆက်(VOM)
ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့ စစ်ဆင်ရေးတိုးချဲ့မှုကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးလေဆိပ်တွေကို ပစ်မှတ်ထားတို်ကခိုက်ပြီး လေကြောင်းကနေ ကျယ်ကျယ်ပြန့်ပြန့် ပိတ်ဆို့မှုတွေ လုပ်ဆောင်မယ်လို့ ယီမင်အခြေစိုက် ဟူသီသူပုန်အဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အစ္စရေးနိုင်ငံ ဘန်ဂူရီယွန်လေဆိပ်အနီး မနေ့က ဒုံးကျည်နဲ့ ပစ်ခတ်တို်ကခိုက်ခဲ့တယ်လို့ ဟူသီအဖွဲ့က အခို်ငအမာဆိုထားပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဟူသီတွေကို လက်တုံ့ပြန်သွားမယ်လို့ ကတိပြုပြောဆိုပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း လူလေးယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဟူသီအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်ကလည်း မြို့တော်တဲလ်အဗစ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပေမယ့်လည်း အစ္စရေးလေကြောင်းရန် ကာကွယ်ရေးစနစ်တွေက ကြားဖြတ်ဟန့်တားခဲ့ပါတယ်။ လက်ရှိတိုက်ခိုက်မှုဟာ အစ္စရေးကို လေဆိပ်တွေကို ပစ်မှတ်ထားတိုက်ခို်ကတော့မယ်ဆိုတဲ့ သတိပေးချက်လို့ ဟူသီအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဟူသီအဖွဲ့ရဲ့ လုပ်ဆောင်မယ့်အစီအစဉ်နဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေးအသင်း၊ ကမ္ဘာ့လေကြောင်းလိုင်းများအဖွဲ့နဲ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းပို့ဆောင်ရေးအဖွဲ့တွေကို အီးမေးလ်ပေးပို့ခဲ့တယ်လို့ ပြောပါတယ်။
ဒီကြေညာချက်ကို အလေးအနက်ထားဖို့ နိုင်ငံတကာလေကြောင်းလိုင်းအားလုံးကို ဟူသီအဖွဲ့က တိုက်တွန်းထားပြီး လေကြောင်းလိုင်းနဲ့ ခရီးသည်တွေ ဘေးကင်းရေးအတွက် အစ္စရေးလေဆိပ်တွေကို ပျံသန်းတာတွေ ရပ်ဖို့သတိပေးထားပါတယ်။
ဒီအတောအတွင်း အစ္စရေးဟာ ဂါဇာကမ်းမြှောင်ဒေသမှာ စစ်ဆင်ရေးတွေ တိုးချဲ့ဖို့ အစ္စရေးအစိုးရအဖွဲ့က အတည်ပြုခဲ့ပြီး ဓါးစာခံတွေ ပြန်လွှတ်ပေးရေး ဖိအားပေးနေပါတယ်။လက်ရှိမှာတော့ ဂါဇာမှာ အကူအညီတွေဝင်ရောက်တာကို အစ္စရေးက ပိတ်ဆို့ထားတာ နှစ်လကြာမြင့်လာပြီး ဂါဇာမှာ အငတ်ဘေးဆိုက်လုနီးပါး ဖြစ်နေပြီလို့ ကုလသမဂ္ဂနဲ့ အကူအညီပေးရေးအဖွဲ့တွေက သတိပေးထားပါတယ်။
Ref: CNA
Photo:Getty Images

image