တွေဝေရတဲ့ အခြေနေတစ်ခုမှာ ရှိနေခဲ့တာလား ????
တွေဝေရခက်တဲ့ ဆက်ဆံရေးထဲ ပိတ်မိနေတဲ့အခါ
ဒီအချက်လေးကို သေချာတွေးကြည့်ပါ ။
ကိုယ်က ဒီလူတစ်ယောက်ကို စွန့်လွှတ်ရမလား
ဆက်ပြီး ဖမ်းဆုပ်ထားသင့်သေးလားဆိုတဲ့ အတွေးမျိုးနဲ့ နာကျင်ရတဲ့အခြေနေမျိုးမှာ ဆိုပါတော့ ….
ဒီအခြေနေကို ဘာကြောင့် ရောက်လာခဲ့သလဲ အဖြေရှာကြည့်ရင် ပြဿနာတွေ ခဏခဏဖြစ်ပြီး ဒီဆက်ဆံရေးဟာ Toxic ဖြစ်လာပြီလို့ ထင်လို့ပဲ မဟုတ်လား ။
ဒါဆို ဘာကြောင့် လက်လွှတ်ဖို့ ခက်ခဲနေရသေးလဲ ။ သေချာတာတော့ သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့အချစ်တွေ ၊ သံယောဇဉ်တွေ မကုန်နိုင်သေးလို့ သူနဲ့အတူ ရှိခဲ့တဲ့အမှတ်တရတွေ ၊ သူ့ကြောင့် ကုန်ခဲ့တဲ့ အချိန်တွေကို နှမြောလို့ပဲ ။
ဒီလူဟာ ကိုယ့်အပေါ် Cheat လုပ်တယ် ၊ ဆက်တိုက်နာကျင်စေတယ် ၊ သူဟာ အရင်က ကိုယ့်အပေါ် ကောင်းခဲ့တဲ့လူတစ်ယောက် မဟုတ်တော့ဘူး ဆိုတာ သေချာပေါက်လည်း သိတယ် ။ ဒါပေမဲ့ သူအရင်လိုပဲ ပြန်ကောင်းလာလေမလားဆိုပြီး သည်းခံပြီး လိုက်ညှိယူနေရတယ်ဆိုရင် ကိုယ့်အတွက် လုံးဝ Healthy မဖြစ်တော့ဘူး ။ ကြာတော့ ကိုယ်က အမြဲအရှူံးပေးပြီး ၊ ကိုယ့်မာနတွေကလည်း ပြာပုံဖြစ်ပြီး ဘာအဆင့်မှမရှိတော့သလို ခံစားလာရတယ် ။
“ ကိုယ့်အပေါ် စိတ်ဝင်စားမှု မရှိတော့တဲ့သူကို လက်မလွှတ်နိုင်ဘဲ ထပ်တလဲလဲ ဆွဲထားမိနေတာခြင်းဟာ ငါက ဒီလိုလူပါ ၊ ငါက တန်ဖိုးမရှိတဲ့သူပါ ဆိုတဲ့ အချစ်မခံရခြင်းက ဖြစ်လာတဲ့ ထင်ယောင်ထင်မှား အတွေးကို ပိုသေချာအောင် လုပ်နေမိသလိုပါပဲ ”
ကိုယ်က ဒီလိုမျိုး တွေဝေရတဲ့ အခြေအနေတစ်ခုမှာ ပိတ်မိနေပြီဆိုဟာ လက်လွှတ်လိုက်ပါတော့လို့ ဦးနှောက်က အချက်ပြနေတာပဲ ။ ဒါကို အမှတ်မရှိတဲ့ နှလုံးသားက ငြင်းဆန်နေတာ ။ တကယ်လို့ သူဟာ အရင်လိုပဲ နွေးနွေးထွေးထွေးရှိမယ် ၊ ပြဿနာတွေဆိုလဲ အချိန်ခဏလေးအတွင်း ညှိယူနိုင်တယ်ဆိုရင် ဒီအခြေနေထိ ရောက်လာစရာအကြောင်းမှ မရှိတာပဲ မဟုတ်လား ။
အဆင်ပြေလာဖို့ ရာခိုင်နှုန်းနည်းတဲ့ အခြေအနေကြီးကို အတင်းဖက်တွယ်နေရတာက စိတ်ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး ။ လက်လွှတ်လိုက်ပါ ။ သူ့ထက် ပိုကောင်းတဲ့သူ ရောက်လာလိမ့်မယ် ။ ပျော်စရာတွေ လာပါလိမ့်မယ် ။ အများကြီး စွဲလမ်းမထားနဲ့ ။
နောက်တစ်ခုက စောင့်မျှော်ရခြင်းပါပဲ ။ ဆက်ပြီးစောင့်တော့နေရမလား … ရပ်တန့်ပစ်ရတော့မလား မသိတဲ့ အခြေအနေမှာ ရှိနေရတာဟာ သိပ်နာကျင်ရပါတယ် ။ ဒီအခြေအနေမျိုးကို ကျွန်တော်ကိုယ်တိုင်လည်း ကြုံရဖူးပါတယ် ။
ထိုအခါမျိုးမှာ ဒီလိုလေး တွေးကြည့်ပါ ။ ကိုယ်က အနီးကပ်လူပဲ ၊ ကိုယ် စောင့်နေတဲ့သူက တကယ်ပဲ ကိုယ့်ဆီအရောက်လာမဲ့သူလား ??? တစ်နေ့ကျ ကိုယ့်အတွက်ပဲ ဖြစ်ရမယ်ဆိုတာ သေချာရဲ့လား တွေးကြည့် ။ တကယ်လို့ သေချာတယ်ဆိုရင် အဲဒီ့လူကို စောင့်ရတာက ပင်ပန်းရင်တောင် တန်ပါတယ် ။ ဒီလိုမှမဟုတ်ဘဲ မသေချာတဲ့ လူတစ်ယောက်ကို စောင့်နေရတာဆိုရင်တော့ အဆင်မပြေဘူး ။ လမင်းကို မျှော်တဲ့သူတစ်ယောက်လိုပဲ ။ ဘယ်လောက်ပဲ မြတ်နိုးရရ သူ့အနား ဘယ်တော့မှ
မရောက်နိုင်ခဲ့ဘူး ။
တချို့အရာတွေက ဖမ်းဆုပ်ထားရတာထက် လက်လွှတ်ပေးလိုက်ရတာက ပိုလွယ်တယ်ဆိုတာ မမေ့ပါနဲ့ ။
#thar_htwe #catchandrelease #သားထွေး

image