နယူးကလီးယား ဓါတ်ပေါင်းဖို ၂၀ ထက် ပိုများတဲ့ လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်တဲ့ ကမ္ဘာ့ ပထမဆုံး Solar Super-Panel ကို ဂျပန် တီထွင်
=============================================================
မီးအရမ်းပျက်တဲ့ မြန်မာနိုင်ငံနဲ့ ကွက်တိပါပဲ။ ဂျပန်က ကမ္ဘာ့ ပထမဆုံး Solar Super-Panel ကို တီထွင်လိုက်ပြီး နယူးကလီးယား ဓါတ်ပေါင်းဖို ၂၀ ထက် ပိုများတဲ့ လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ အဲဒီ Solar Panel တွေဟာ ၂၀၄၀ ခုနှစ်မှာ လျှပ်စစ်စွမ်းအင် 20 Gigawatts အထိ ထုတ်လုပ်ပေးနိုင်မယ်လို့ တီထွင်သူတွေက ပြောပါတယ်။
အဲဒီ Solar Panel တွေမှာ Perovskite Solar Cell (PSC) နည်းပညာကို အသုံးပြုထားပါတယ်။ Perovskite Solar Cell တွေ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ အဓိက ဒြပ်ထု ဖြစ်တဲ့ Iodine ဟာ ဂျပန်မှာ ပေါများပါတယ်။ ဂျပန်ဟာ ချီလီ ပြီးရင် ကမ္ဘာ့ ဒုတိယအကြီးဆုံး Iodine ထုတ်လုပ်သူ ဖြစ်ပါတယ်။
PSC ဟာ သမားရိုးကျ ဆီလီကွန် Solar Panel တွေထက် အားသာချက်တွေ ရှိပါတယ်။ သမားရိုးကျ Silicon Panel တွေဟာ လေးလံပြီး ကွေးညွှတ်လို့ မရပါဘူး။ PSC တွေဟာ စွမ်းရည်မြင့်မားပြီး ကွေးညွှတ်နိုင်ပါတယ်။ အလွန် ပေါ့ပါးပါတယ်။ အဲဒီအတွက် ဘယ်လို နေရာမျိုးမှာမဆို လွယ်ကူစွာ တပ်ဆင်နိုင်ပါတယ်။
ဂျပန်ဟာ ၂၀၅၀ ခုနှစ်မှာ ကာဘွန် လုံးဝ မထုတ်လွှင့်တဲ့ နိုင်ငံဖြစ်အောင် ကြိုးစားနေပါတယ်။ အဲဒီအတွက် သန့်ရှင်းတဲ့ နေရောင်ခြည်စွမ်းအင်ကို အပြည့်အဝ အသုံးချဖို့ တီထွင်နေပါတယ်။
