9 ပတ် - ဘာသာပြန်ပါ။

အမှောင်(ချမ်းမြေ့ဝင်း)(Rating-🌟🌟🌟🌟🌟🌟)
7နှစ်အရွယ်ကတည်းကသူ့ရှေ့မှာတင်သူ့အမေနဲ့အမနှစ်ယောက်ရက်ရက်စက်စက်အသတ်ခံရတာကိုမြင်ခဲ့ရတဲ့
"လစ်ဘီဒေး"ဆိုတဲ့မိန်းကလေး.....
(မင်မင်ကတော့လစ်ဘီဒေးပုံစံကိုသဘောအရမ်းကျတာ"ဘယ်ခွေးမှလူမထင်ဘူး"ဆိုတဲ့ဟာမျိုး🥲)
သူ့အကိုဖြစ်သူ"ဘန်ဒေး"ကလည်းသူ့မိသားစုကိုသတ်တဲ့အမှုနဲ့ထောင်ကျသွားခဲ့ရတယ်.....
လစ်ဘီတစ်ယောက်အမှုပြီးကတည်းအနှစ်20ကျော်လုံးဘဝကိုဖြစ်သလိုဖြတ်သန်းလာခဲ့တာ....
တစ်နေ့မှာတော့လစ်ဘီတစ်ယောက်သူလုံးဝပြန်မသွားချင်တဲ့အတိတ်ကအဖြစ်ဆိုးအမှောင်ထဲကိုပြန်သွားရတဲ့အခါမှာတော့
သူ့ဘဝတစ်လျှောက်လုံးမှတ်ယူလာခဲ့တဲ့အမှန်ဟာအမှားဖြစ်နေပြီး
အမှားဟာအမှန်ဖြစ်နေတဲ့အခါမှာ....
လစ်ဘီတစ်ယောက်ဘယ်လိုဖြေရှင်းမလဲ
သူ့အမေနဲ့အမနှစ်ယောက်ကိုသူ့အကိုဘန်ဒေးကိုယ်တိုင်သတ်ခဲ့တာလား...
ဒါမှမဟုတ်ဘယ်သူကသတ်ခဲ့တာလည်းဆိုတာကိုစိတ်ဝင်စားဖွယ်ဇာတ်လမ်းဇာတ်အိမ်ခိုင်စွာနဲ့ဖတ်ရမှာသေချာပါဘဲဗျ
မှုခင်းဇာတ်လမ်းတွေမှကြိုက်တယ်ဆိုတဲ့Bookwormsလေးတွေအတွက်ဒီစာအုပ်ကိုမင်မင်ဖတ်ကြည့်ဖို့ညွှန်းပါရစေ📚

image