10 w - Translate

ဆင်းမ်ကတ် Hack ခံရတဲ့ SK Telecom ဒေါ်လာသန်း ၆၄၀ ကျော် ဆုံးရှုံး
တောင်ကိုရီးယားရဲ့ အကြီးဆုံးမိုဘိုင်းအော်ပရေတာကုမ္ပဏီကြီးတော့ ရှော့ခ်အကြီးကြီး ပူးသွားပါတယ်။
SK Telecom ရဲ့ သန်းဆယ်ချီတဲ့ SIM Card တွေ ဆိုက်ဘာတိုက်ခိုက်ခံလိုက်ရလို့ပါ။ SK Telecom ဆိုတာ subscriber ၃၄ သန်း ရှိပြီး တောင်ကိုရီးယားအော်ပရေတာ ဈေးကွက်ရဲ့ ၄၈.၄% ကို ကြီးစိုးထားတဲ့ အော်ပရေတာပါ။
ဧပြီ ၁၉ ရက်နေ့ ည ၁၁ နာရီမှာ ကုမ္ပဏီကွန်ရက်ထဲ ရောက်နေတဲ့ malware ကို တွေ့တာက စပါတယ်။ malware က SIM Card သုံးသူတွေရဲ့ Universal Subscriber Identity Module (USIM) data တွေ ဝင်ခိုးလို့ ရတဲ့ malware ဖြစ်ပြီး အထဲက ဘယ်နိုင်ငံ ဘယ်အော်ပရေတာကလဲဆိုတဲ့ IMSI အချက်အလက်တွေ ၊ ဖုန်းနံပါတ် ၊ မိုဘိုင်းကွန်ရက်နဲ့ချိတ်ဖို့ သုံးတဲ့ authentication key နဲ့ ကွန်ရက်အသုံးပြုမှုအချက်အလက်တွေ ပါပါတယ်။
SIM ထဲမှာ ဖုန်း contact တွေ သိမ်းထားမယ်ဆိုရင်လည်း ပါသွားမှာပါ။ တစ်ဖက် Hacker တွေက SIM Swapping လို့ခေါ်တဲ့ SIM Card တွေကို ပွားသုံးတာတွေ လုပ်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။ လောလောဆယ်အထိ ဘယ်အဖွဲ့လက်ချက်မှန်း မသိရသေးပါဘူး။

image