10 w - Translate

ဆာအဲလက်စ် ဖာဂူဆန်ဟာ မန်ချက်စတာယူနိုက်တက်နည်းပြဖြစ်လာချိန်တုန်းက လီဗာပူးရဲ့ ဦးဆောင်နေမှုကို ကျော်လွှားပြမယ်လို့ ပြောခဲ့ဖူးပါတယ် ။ တကယ်လည်း ဆာအဲလက်စ် ဟာ အင်္ဂလန်ရဲ့ အမြင့်ဆုံးအမှတ်ပေးချန်ပီယံဆုကို ၁၃ ကြိမ်ရယူပေးခဲ့ကာ လီဗာပူးထက် ၂ ကြိမ်ပိုများအောင် စွမ်းဆောင်ပေးခဲ့ပါတယ် ။ ဒီလိုစွမ်းဆောင်နိုင်ဖို့ ၂၆ နှစ်ကြာခဲ့တာပါ ။
ဒါပေမယ့် ဆာအဲလက်စ် အနားယူ အပြီး ၁၆ နှစ်အကြာမှာတော့ လီဗာပူးဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အမှတ်ပေးချန်ပီယံ အရေအတွက်ကို လိုက်မီသွားခဲ့ပါပြီ ။
မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဆာအဲလက်စ် မရှိတော့တဲ့နောက်ပိုင်းမှာ အမှတ်ပေးချန်ပီယံဆုကို တကြိမ်မှ မမျှော်မှန်းနိုင်တော့ဘဲ စံချိန်မှတ်တမ်းဆိုးတွေကိုသာ တနှစ်ပြီး တနှစ်ရယူနေခဲ့ပါတယ် ။

image