ရုပ်ရှင်အသစ်တွေကို ကျော်တက်သွားတဲ့ Revenge of the Sith
Star Wars ပရိသတ်တွေက Darth Vader ဖြစ်ပေါ်လာပုံကို ပြန်ကြည့်ချင်နေကြတယ်နဲ့တူပါတယ်။
၂၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် Revenge of the Sith ကို ပြီးခဲ့တဲ့ ပိတ်ရက်မှာ ပြန်လည်ရုံတင်ခဲ့ရာမှာ၊ သမိုင်းမှာ ဒုတိယ ဝင်ငွေအများဆုံး ပြန်လည်ရုံတင်တဲ့ ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။
Star Wars: Episode III - Revenge of the Sith ဖြစ်တဲ့ ဒီရုပ်ရှင်က လူတိုင်းထင်ထားတာထက် ပိုမိုအောင်မြင်နေပြီး အမေရိကန် ရုပ်ရှင်ရုံတွေမှာ ၂၅ သန်း ဝင်ငွေရခဲ့ပါတယ်။ ကမ္ဘာတဝှမ်းမှာတော့ နောက်ထပ် ၁၇ သန်း ထပ်ရခဲ့ပါတယ်။ ဒီထက်ပိုဝင်ငွေရခဲ့တဲ့ ပြန်လည်ရုံတင်ရုပ်ရှင်ကတော့ ၂၀၁၂ မှာ James Cameron ရဲ့ Titanic ပဲဖြစ်ပါတယ်။ Titanic ရုပ်ရှင်ကို ပြန်လည်ရုံတင်တော့ ၃၅၀သန်း အထိ ရခဲ့ပါတယ်။
ဒီရုပ်ရှင်က လက်ရှိ အသစ်ထွက်ထားတဲ့ Ben Affleck ရဲ့ The Accountant 2 နဲ့ A Minecraft Movie လို ရုပ်ရှင်အသစ်တွေကို ကျော်ဖြတ်သွားတာဖြစ်ပါတယ်။ ဒါပေမယ့် ထိပ်ဆုံးမှာ ရပ်တည်နေတာကတော့ Ryan Coogler ရဲ့ သွေးစုပ်ဖုတ်ကောင်ရုပ်ရှင် Sinners က ဆက်ရှိနေပြီး၊ ဒုတိယပတ်မှာ ဝင်ငွေ ၆% ပဲ ကျဆင်းသွားပါသေးတယ်။
တစ်ခုစိတ်ဝင်စားမိတာက ပြန်လည်ရုံတင်ရုပ်ရှင်တွေက ပရိသတ်တွေကြားမှာ တဖြည်းဖြည်း ပိုရေပန်းစားလာတာပါပဲ။
မကြာသေးခင်က Coraline နဲ့ Interstellar တို့ရဲ့ ပြန်လည်ရုံတင်မှုတွေက တစ်ကားစီမှာ သန်း ၅၀ ကျော် ဝင်ငွေရခဲ့တာကိုကြည့်ရင် ပရိတ်သက်တွေအနေနဲ့ အရင်ကားအဟောင်းတွေပေါ်မှာလည်း အခုအချိန်ထိ အားပေးနေကြတုန်းပဲဆိုတာ သက်သေပါပဲ။
