11 ပတ် - ဘာသာပြန်ပါ။

❝ ငါသေလျှင်
ဝက်သစ်ချပင်ခြေရင်းတွင် မြှုပ်နှံ၍
အုတ်ဂူပေါ်မှာ အဝါရောင်ပန်းစည်းတစ်စည်း
ချလှည့်ပါဟုမှာကြားသူနှင့်
ကျွန်ုပ်သဘောချင်းမတိုက်ဆိုင်ပါ။
သံသရာတစ်ဖက်ကမ်းသို့ ကူးပြောင်းရန်
လှေခကြီးလွန်းလှသည်။
နောက်ဘဝရှိသည်ဆိုပါလျှင်
သူနှင့်ကျွန်ုပ် ထပ်မံမတွေ့ဆုံချင်ပါ။
ယခုဘဝမှာပင်
ပိုင်ဆိုင်မှုကိုလည်းကောင်း၊
လိင်မှုကိစ္စကို လည်းကောင်း
သူ့ထံမှ တောင်းခံမည်မဟုတ်ပါ။
တောင်းခံရန်အကြောင်းမရှိပါ။
ကျွန်ုပ်သည် ပိုင်ဆိုင်သူမဟုတ်ပါ။
ချစ်၍နေသူသာ ဖြစ်ပါသည် ❞
- - ဇော်ဇော်အောင် - -

image