❛ ဆေး မင် ကြောင် ❜
___________
တစ်ခါတုန်းက
လက်မှာ အရုပ်တွေနဲ့သူငယ်ချင်းတစ်စု
ကမ္ဘာကြီးကို
လက်ဖျံမှာထိုးပြီး
ခရီးသွားခဲ့ကြတယ်။
အနှစ် နှစ်ဆယ်အကြာ
နှစ်ယောက် သေ
သုံယောက် ကျန်
ရှင်သန် - ၁
လဲကျ - ၁
ပျံသန်း - ၁
နောက်ဆုံးကျမှ
ကမ္ဘာကြီးရဲ့ကိုယ်ပေါ်က
ဆေးမင်ကြောင်ရုပ်တွေဟာ
ငါတို့မှန်း
သိခဲ့ရ ။ ။
- - သုခမိန်လှိုင် - -
