EV ကား ဘက်ထရီတွေ မီးလောင်ရင် အလိုအလျှောက် မီးငြှိမ်းသတ်ပေးနိုင်တဲ့ နည်းပညာကို ဟွန်ဒိုင်း တီထွင်
=============================================================
လက်ရှိ EV ကားတွေမှာ အပူဒဏ် ခံနိုင်တဲ့ ဒြပ်ထုတွေကို အသုံးပြုထားပေမယ့် EV ကားတွေဟာ မီးလောင်တတ်ပါတယ်။
အခုတော့ ဟွန်ဒိုင်းက ဘက်ထရီ မီးလောင်တာနဲ့ မီးသတ်ဆေးဘူးနဲ့ ချက်ချင်းငြှိမ်းသတ်ပေးနိုင်တဲ့ နည်းပညာကို တီထွင်လိုက်ပါတယ်။ ကားထဲမှာ ပါတဲ့ မီးသတ်ဆေးဘူးက အလိုအလျှောက် မီးငြှိမ်းသတ်ပေးနိုင်ပါတယ်။ အဲဒီ မီးသတ်ဆေးဘူး ဟာ သမားရိုးကျ နေအိမ်သုံး မီးသတ်ဆေးဘူးတွေထက် ၅ ဆ ပိုစွမ်းရည်မြင့်မားပါတယ်။
ဒီနည်းပညာမှာ မီးသတ်ဆေးဘူး၊ ဘက်ထရီ Case နဲ့ Software ကို ပေါင်းစပ်ထားပါတယ်။ ဘက်ထရီထဲက အပူချိန်ကို ဘက်ထရီ စီမံခန့်ခွဲတဲ့ စနစ်က အချိန်ပြည့်စောင့်ကြည့်နေပါတယ်။ ပြဿနာ ဖြစ်ပြီဆိုရင် Software က မီးသတ်ဆေးဘူးနဲ့ ငြှိမ်းသတ်ဖို့ ဆုံးဖြတ်ပါတယ်။
ဟွန်ဒိုင်း ရဲ့ နည်းပညာကြောင့် အနာဂတ်မှာ EV ကားတွေဟာ ပိုမို ဘေးကင်းလုံခြုံလာတော့မှာ ဖြစ်ပါတယ်။
