11 w - Translate

ငလျင်ကြောင့် ဘန်ကောက် ဆောက်လုပ်ဆဲတိုက်ပြိုကျမှု တရုတ်ကုမ္ပဏီ တာဝန်ရှိသူကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး

ထိုင်းနိုင်ငံမှာ မတ်လအတွင်းက လှုပ်ခတ်ခဲ့ အင်အားပြင်းမြေငလျင်ကြောင့် ဆောက်လုပ်ဆဲ အထပ်မြင့်ပြိုကျမှုမှာ ဆောက်လုပ်ရေးတာဝန်ခံ တရုတ်နိုင်ငံသားတယောက်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို ထိုင်းအာဏာပိုငတွေက ပြောပါတယ်။

မတ် ၂၈ ရက်မှာ မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဘန်ကောက်မြိုရှိ ဆောက်လုပ်ဆဲတိုက် ပြိုကျခဲ့ပြီး မြန်မာနိုင်ငံသားတွေအပါအဝင် လူ ၄၇ ယောက်သေဆုံးခဲ့ကာ ၄၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

အဲဒီအထပ်မြင်ကို ဆောက်လုပ်ရေးမှာ ထိုင်းဆောက်လုပ်ရေး ကုမ္ပဏီကြီးတခုနဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီရဲ့ ပြည်တွင်းလုပ်ငန်းခွဲတခုတိုအကြား ဖက်စပ်တည်ဆောက်နေတာဖြစ်ပါတယ်။ ဖမ်းမိခဲ့တဲ့ တရုတ်အမျိုးသားဟာ တရုတ်ကုမ္ပဏီကို လည်ပတ်ဖို ထိုင်းနိုင်ငံသားတွေရဲ့ အမည်တွေကို တရားမဝင်အသုံးပြုမှုတွေလည်းရှိတယ်လို ထိုင်းရဲတွေက ပြောပါတယ်။

အာဏာပိုင်တွေဟာ ကုမ္ပဏီအမှုဆောင်ရဲ့ တည်နေရာတွေကိုလည်း ရှာဖွေနေပြီး တိုက်ပြိုကျမှုကို ဖြစ်စေတဲ့ တရားမဝင်လုပ်ဆောင်မှုတွေရှိမရှိ စုံစမ်းစစ်ဆေးသွားမယ်လို ဆိုပါတယ်။ အဆောက်အဦအတွက် သံမဏိတင်သွင်းတဲ့ တရုတ်ကုမ္ပဏီတာဝန်ရှိသူကို ဆောက်လုပ်ရေးမှာ အသုံးပြုတဲ့ ကုန်ကြမ်းတချို ခိုင်ခံမှု စံနှုန်းတွေနဲ့ မကိုက်ညီတာကြောင့် ဧပြီ ၁၁ ရက်ကတည်းက ရှာဖွေနေခဲ့ကြပါတယ်။

သူဟာ ထိုင်းရဲတွေ ဖမ်းဆီးဖို ရှာဖွေနေသူတွေထဲက တယောက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ရစ်ချ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် နိုင်ငံအလယ်ပိုင်းမှာ အဓိကထိခိုက်ပျက်စီးမှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၃၇၀၀ ကျော်သေဆုံးခဲ့ပြီး ၁၂၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကာ အရေးပေါ်အကူအညီတွေ ဆက်လက်လိုအပ်နေပါတယ်။

image