"သင်္ကြန်ကာလနောက်ပိုင်း စက်သုံးဆီဈေး ကျဆင်း"
ဧပြီ၁၉၊၂၀၂၅

ကမ္ဘာ့​ရေနံ​စျေးနှုန်းကျဆင်းမှု​ကြောင့်သင်္ကြန် ကာလနောက်ပိုင်း စက်သုံးဆီဈေးများ ကျဆင်းလာကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
သင်္ကြန် ကာလ နောက်ပိုင်းစက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာ ကျပ် ၂၇၄၀၊ ၉၅ တစ်လီတာကျပ် ၂၈၀၀၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၂၃၉၀၊ ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၂၉၆၀ ဖြစ်သည်။
သင်္ကြန် မတိုင်မီက စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာ ကျပ် ၃၀၅၀၊ ၉၅ တစ်လီတာ ကျပ် ၃၁၁၀၊ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၂၅၉၀၊ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၃၂၀၀ ဖြစ်သည်။
ယင်းကြောင့် ၉၂ နှင့် ၉၅ စက်သုံးဆီများမှာ တစ်လီတာကျပ် ၃၁၀၊ ပရီမီယံဒီဇယ်တစ်လီတာကျပ် ၂၄၀၊ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၂၀၀ အထိ ကျဆင်းလာသည်ကို တွေ့ရသည်။
လက်ရှိရောင်းချလျက်ရှိသည့် စက်သုံးဆီဈေးနှုန်းများမှာ ရက်သတ္တပတ် တစ်ပတ်အတွက် ဈေးနှုန်းများ ဖြစ်ပြီး သောကြာနေ့တွင် ဈေးနှုန်း အပြောင်းအလဲ ရှိကြောင်း သိရသည်။

NOM

image