2 ရက် - ဘာသာပြန်ပါ။

ရန်ကုန်မြို့မှာတည်ရှိပြီး လူသိပ်မသိသေးတဲ့ နှစ်ပေါင်း (၈၀၀) ကျော်သက်တမ်းရှိ
သိဒ္ဓိအောင် ရေဆန်ကျွန်းနက် မြတ်စွာဘုရားကြီး 🙏
သက်တမ်း နှစ်ပေါင်း (၈၀)ကျော် ရှိပါပြီ။
ဧရာဝတီမြစ်အတွင်းရှိ ရေဆန်ကျွန်းနက်တုံးကြီးအား
ဆယ်ယူ၍ ဆင်းတုတော်ကြီးထုလုပ်ပူဇော်ထားခြင်း
ဖြစ်ပါတယ်။ ဆင်းတုတော်ကြီးပူဇော်ထားသောနေရာသည်အင်မတန်အေးချမ်းတိတ်ဆိတ်ပြီး တရားရှုမှတ်သူများလာရောက်၍ တရားအားထုတ်သောနေရာဖြစ်ပါတယ်
မြောက်ဒဂုံ၊ (၄၈)ရပ်ကွက်၊ ဗိုလ်မှူးဗထူးအိမ်ယာဘေးထဲရှိ ယောက်ကော်အဖေကြီးတည်ထားသောဇေယျမုနိဘုရားကြီးထဲမှာ ကိန်းဝပ်စံပယ်လျက်ရှိပါတယ်
သွားရောက်ဖူးမြော်ကြည်ညိုနိုင်ကြပါစေ🙏
မြန်မာပြည်ရဲ့လူဦးရေအများဆုံး ရန်ကုန်မြို့တော်ကြီးမှာ ရှိနေပေမယ့်လည်း လူအရောက်အပေါက်နည်းပြီး အေးချမ်းဆိတ်ငြိမ်တဲ့နေရာလေးမှာ တည်ရှိတာမို့ အခါသင့်အခွင့်ကြုံတဲ့ သွားရောက်ဖူးမျှော်ကြဖို့လည်း တိုက်တွန်းနှိုးဆော်လိုက်ပါတယ်နော်

image