ဘာတွေကို မက်မောလဲမေးရင်
ဘဝရဲ့မပြည့်စုံခြင်းတွေကနေ
နှစ်ယောက်အတူတူကြိုးစားပြီး
ပြည့်စုံလာမယ့်အနာဂတ်မျိုးကို မက်မောတယ်
ချစ်ခြင်းမေတ္တာကို ရွေးချယ်ခဲ့တဲ့ မိန်းမမို့
နှစ်ယောက်တစ်ဘဝ ကို ဒိုးတူဘောင်ဘက်
ကြိုးစားပြီး ပြည့်စုံတဲ့ ဘဝ တစ်ခု ဖန်တီးချင်တယ်
စိန်တွေလည်း မမက်ဘူး
ငွေတွေလည်း မမက်ဘူး
ကိုယ်ရွေးချယ်လိုက်တဲ့ အမျိုးသားဟာ
ဘယ်လို အရာမျိုးကိုမှ မပိုင်ဆိုင်ထားရင်တောင်
အလုပ်လုပ်ချင်တဲ့ အရည်အချင်းတွေ
သူများသားသမီးကိုယူပြီးရင်တာဝန်ကျေချင်တဲ့ စိတ်တွေ
အိမ်ထောင်ဦးစီးကောင်းပီပီ ကာကွယ်ချင်တဲ့စိတ်တွေ
သားသမီးရလာတဲ့အခါ ဖခင်ကောင်း ပီသမှုမျိုးတွေ
ပိုင်ဆိုင်ထားရင်ပဲ ရပါပြီ
ကံဆိုတာ အလုပ်ဆိုပေမယ့်
လုပ်တိုင်း မဖြစ်နိုင်တဲ့ ကံတရားတွေကို
လက်ခံယုံကြည်ထားသူမို့
ကိုယ့်ကို ချမ်းသာအောင်ထားမှ
လိုချင်တာ ဖြည့််ဆည်းပေးနိုင်မှဆိုတဲ့
အတ္တတွေလည်း မရှိပါဘူး
တစ်ခုပဲ အတူတူ အောက်ခြေကနေ ကြိုးစားပြီး
ဘဝရဲ့ရည်မှန်းချက်ပန်းတိုင်တွေကို
အခက်အခဲ
အတားအဆီးတွေကို ကျော်ဖြတ်ပြီး
လက်တွဲ မဖြုတ်ပဲ
တစ်ယောက်ကို တစ်ယောက်
အမှီအခိုပြုရင်း၊အားပေးရင်း
လိုချင်တဲ့ ဘဝမျိုး ၊စိတ်ချမ်းသာပျော်ရွှင်ရခြင်းမျိုး ကို
အနာဂတ်မှာပိုင်ဆိုင်ရရင်ပဲ လုံလောက်ပါပြီ
ဒီလိုအရာမျိုးကိုပဲမက်မောပါတယ်.
👫
