12 w - Translate

The Pirates 2014


ဒီဇာတ်ကားမှာ အကြိုက်ဆုံးစကားလေးကတော့ မင်းသမီးက ချွဲဘုန်းကို မှာလိုက်တဲ့ စကားလေးပါ

“တောပုန်းဓားပြပဲလုပ်လုပ် ပင်လယ်ဓားပြပဲလုပ်လုပ်  သူခိုးဓားပြကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားပါ”တဲ့

ပထမဆုံး ပြုံးမိသွားတယ် နောက်စဉ်းစားလေစဉ်းစားလေ ရီချင်လေပဲ။

သူခိုးဓားပြကများ သူခိုးဓားပြကောင်းဖြစ်အောင်ကြိုးစားရဦးမယ်တဲ့နောက်တော့အတွေးစလေး တစ်ခုရသွားတယ် သူပြောတာလည်းဟုတ်တာပါပဲ

ဘယ်ဘ၀ ဘယ်အခြေအနေကို ရောက်ရောက်ကောင်းမွန်တဲ့ သူတစ်ယောက် ဖြစ်အောင် ကြိုးစားရမှာပေါ့။ဘုရင်တို စစ်သူကြီးတိုဆိုတာ တကယ်တော့ လူအများက လေးစားအားကျဂုဏ်ယူရတဲ့ရာထူး နေရာတွေပါ

အားကိုးအားထိုက်ပြုရမယ့်သူတွေပါ အရင်ဦးဆုံး သူခိုးဓားပြထက်စစ်သူကြီးတို ဘုရင်တိုဖြစ်အောင် မကြိုးစားသင့်ဘူးလားဒါပေမယ့်ဘုရင်ကောင်း စစ်သူကြီးကောင်း မဖြစ်ကြလို

ဒီလိုနေရာတွေမှာတောင်ကောင်းအောင်မကြိုးစားတဲ့ရာထူးအာဏာရှိသူတွေကြောင့် ပြည်သူတွေပိုဒုက္ခရောက်ကြရတာမဟုတ်လားဒါကြောင့် ဘယ်နေရာ/ ဘယ်ဘဝပဲရောက်နေနေ ဘယ်အခြေအနေပဲဖြစ်ဖြစ်

အများအကျိုးပြုတဲ့လူကောင်းဖြစ်အောင်ကြိုးစားသင့်ပါတယ်

#crd
#storymode

image