Toyota Corolla CROSS (Corolla Series SUV)
ဒီJulyလဆန်းပိုင်းထဲမှာ Toyotaကနေ Corolla series line up ထဲကို Corolla CROSS ဆိုပြီး Compact Crossover SUV တစ်စီးမိတ်ဆက်လိုက်ပါတယ်။
Exterior
————
အဝေးကနေကြည့်မယ်ဆိုCorolla CROSSဟာ RAV4 နဲ့တောင်ခပ်ဆင်ဆင်ပါပဲ။ Baby RAV4 လို့တောင်နာမည်တပ်ချင်စရာပါ။ Headlightမှာ သုံးထားတဲ့Daytime Running Lightပုံနဲ့GrillကကားကိုပိုပြီးAggressiveဖြစ်စေတယ်လို့မြင်ပါတယ်။ Foglightကိုတော့ထူးထူးဆန်းဆန်းBumperရဲ့အလယ်မှာတပ်ထားပါတယ်။ ကားရဲ့taillights တွေကဘေးစောင်းကြည့်မယ်ဆို RAV4နဲ့ဆင်တူပါပဲ။ ကားရဲ့ A Pillar ကနေ D Pillar ထိ Chrome lineလေးကလဲမိုက်ပါတယ်။
Interior
————
အတွင်းခန်းကတော့ထူးထူးဆန်းဆန်းမချိန်းပါဘူး။ Corolla Familyဆိုတဲ့အတိုင်း Corolla sedan/hatchbach တွေရဲ့Interiorနဲ့တူတူပါပဲ။ Ambient Lightingလဲပါပါတယ်။ Compact Crossoverပင်မယ့်နောက်ခန်းအတွက်Air ventsတွေပါပါသေးတယ်။ Clusterကိုလဲ Half digital clusterလုပ်ပေးထားတာလဲမဆိုးဘူးထင်ပါတယ် (Same as Corolla)
Drivetrain
—————
140HPထွက်တဲ့1.8L petrol နဲ့ 122HPရှိတဲ့ 1.8L hybrid Drivetrain နှစ်ခုရရှိပါမယ်။ Both variants come with CVT transmission.
Price
—————
Thaiမှာတော့အမြင့်ဆုံးTrimဖြစ်တဲ့ Premium Safety ကို1.199 million bahtနဲ့ဆိုတော့MMK သိန်း၅၀၀-၆၀၀ကြားသွားကျပါတယ်။ မြန်မာပြည်ကိုဘယ်Trimဝင်မလဲတော့မသိနိုင်သေးပါ။ Premium ကို သိန်း၇၀၀လောက်နဲ့ရရင် C-HRထက်ပိုပြီးရွေးသင့်တဲ့Optionတစ်ခုဖြစ်လာနိုင်ပါတယ်။ စျေးကွက်ထဲမှာ Sportage, CX-3, Eclipse Cross, Qashqaiတို့ရဲ့ Rivalအနေနဲ့ဖြစ်လာနိုင်ပါတယ်, Safety featuresတွေပါပြီး Dummy buttonsတွေနဲ့မဝင်ခဲ့ရင်ပေါ့။



