5 d - Translate

ရနံ့ မွှေးကြိုင်တဲ့ ဖုန်းကို ရောင်းချမယ့် Infinix
=============================
ထူးခြားဆန်းသစ်တဲ့ စမတ်ဖုန်းတွေကို ကုမ္ပဏီတွေက အပြိုင်အဆိုင် ထုတ်လုပ်ရောင်းချနေကြပါတယ်။ အခုတော့ Infinix က မွှေးကြိုင်တဲ့ ရနံ့ ထုတ်လွှင့်ပေးနိုင်တဲ့ စမတ်ဖုန်း အသစ် ၁ လုံးကို ထုတ်လုပ်ရောင်းချတော့မှာ ဖြစ်ပါတယ်။
အဲဒီဖုန်းဟာ Infinix Note 50s 5G+ နာမည်နဲ့ ထွက်လာမှာ ဖြစ်ပြီး ထူးခြားတာက မွှေးကြိုင်တဲ့ ရနံ့တွေ ထုတ်ပေးနိုင်တဲ့ Microencapsulation နည်းပညာကို အသုံးပြုထားတာ ဖြစ်ပါတယ်။ လူ့စိတ်ကို လန်းဆန်းစေတဲ့ ရနံ့ နည်းပညာလို့ Infinix က တင်စားပါတယ်။
ဒီနည်းပညာရဲ့ အလုပ်လုပ်ပုံက ဒီလိုပါ။ ဖုန်း အနောက် ကာဗာထဲမှာ မွှေးကြိုင်တဲ့ ရနံ့တွေကို ထုတ်လွှင့်ပေးတဲ့ Microscopic Capsules တွေကို ထည့်သွင်းထားပါတယ်။ ဖုန်း အသုံးပြုပုံနဲ့ အပူချိန်၊ လေထုစိုထိုင်းဆ တို့လို ပတ်ဝန်းကျင် အခြေအနေ အလိုက် ရနံ့ထွက်တာ ဖြစ်ပြီး ကုမ္ပဏီက ၆ လကြာတဲ့အထိ ရနံ့ထုတ်ပေးနိုင်တယ်လို့ ပြောပါတယ်။
အိန္ဒိယမှာ ဒီလ ၁၈ ရက်နေ့ ကြေညာမှာ ဖြစ်ပါတယ်။ Infinix India CEO Anish Kapoor က အဲဒီဖုန်းကို အိန္ဒိယမှာ ၂၀,၀၀၀ ရူပီးအောက်နဲ့ ရောင်းမယ်လို့ ပြောပါတယ်။ ဒေါ်လာနဲ့တွက်ရင် ၂၃၅ ဒေါ်လာလောက် ရှိပါတယ်။

image