1 ပတ် - ဘာသာပြန်ပါ။

အနည်းဆုံးဘတ်ထရီ 7000mAh ပါလာတော့မယ့် တရုတ် Flaship ဖုန်းအသစ်တွေ
တရုတ်မှာက 2024 နှစ်ကုန်လောက်မှာစပြီး စမတ်ဖုန်းအချို့မှာ Li-ion battery နေရာမှာ Silicon battery တွေ အစားထိုးစမ်းသပ်သုံးခဲ့ကြပါတယ်။ ဒီနည်းပညာက ဖုန်းတွေမှာ ဘတ်ထရီကြီးကြီးမသုံးပဲနဲ့ mAh များများထည့်သွင်းလာနိုင်ခဲ့တာပါ။

ဒါကြောင့် အခု 2025 မှာ အသစ်ထွက်ရှိသွားမယ့် Flaship ဖုန်းတွေ ဥပမာ - MediaTek Dimensity 9500 / Qualcomm Snapdragon 8 Elite 2 တပ်ဆင်ထားတဲ့ ဖုန်းတွေမှာ ဘတ်ထရီတွေကို အနည်းဆုံး 7000mAh လောက်အထိ ထည့်သွင်းလာမယ်လို့ ဆိုပါတယ်။ အခုနောက်ပိုင်းမှာ တရုတ်ကထွက်တဲ့ဖုန်းတွေရဲ့ အခြေခံဘတ်ထရီပမာဏက 6000mAh လို့တောင် ပြောလို့ရတဲ့အခြေအနေပါ။ ဒီအတိုင်းဆို 7500mAh/ 8000mAh အထိပါလာမယ်လို့တောင် မျှော်လင့်လို့ရနေပါပြီ။ ဘတ်ထရီတင်မကဘူး။ charging ပိုင်းလည်း အဲ့လိုပဲ။ 80W, 100W တွေလောက်အထိ ပုံမှန်ထည့်သွင်းလာနိုင်မယ့်အပြင် Wireless Charging ပိုင်းမှာတောင် အဲ့လောက်ပမာဏရနိုင်ဖို့ မြင်နေရပါပြီ။ ဘတ်ထရီပမာဏများများပါလာတာက ကောင်းတဲ့ကိစ္စဆိုပေမဲ့ နောက်ကဈေးပါများလာရင်တော့ မပြောတတ်။ မည်သို့ပင်ဆိုစေကာမူ Apple, Samsung နဲ့ Google ဖုန်းတွေရဲ့ ဘတ်ထရီပမာဏနဲ့ Charging ပိုင်းတွေကတော့ သိပ်ပြီးမမျှော်လင့်ရဲသေး။ အချိန်ကာလတစ်ခုအထိ စောင့်ရဦးမယ့်ပုံစံပါပဲခင်ဗျာ.....

image