Window ကပြောင်းလဲသွားပြီ
ဆယ်စုနှစ်များစွာကြာအောင် Blue Screen of Death (BSOD) သည် Windows စနစ်ချို့ယွင်းမှုများ၏ လက္ခဏာတစ်ခုအဖြစ် အပြာရောင်နောက်ခံနှင့် နည်းပညာဆိုင်ရာအသုံးအနှုန်းများဖြင့် အရေးကြီးသောအမှားများကို ဖော်ပြလေ့ရှိပါသည်။ Windows 11 ဗားရှင်း 24H2 နှင့်အတူ Microsoft သည်အဆိုပါ screen ကိုအသစ်ပြန်လည်ဒီဇိုင်းဆွဲကာ Green Screen of Death (GSOD)အဖြစ် အစားထိုးလိုက်ပါသည်။ ဤပြောင်းလဲမှုသည် ဒီဇိုင်းရိုးရှင်းမှုနှင့် အသုံးပြုရလွယ်ကူမှုကို အဓိကထားသော Microsoft ၏ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။
BSOD ၏ သမိုင်းအကျဉ်း၊ပထမဆုံး Windows 3.0 (199 တွင် မိတ်ဆက်ခဲ့သော BSOD သည် စနစ်ချို့ယွင်းမှုများဖြစ်သည့်အခါ နားလည်ရခက်ပြီးမှားယွင်းစွာပြသခဲ့ဖူးသည့်အတွက် နာမည်ဆိုးများထွက်ရှိခဲ့ဖူးသည်။
ယခုအသစ်ပြင်ဆင်မှုတွင်အပြာရောင်မှ အစိမ်းရောင်သို့ ပြောင်းလဲခြင်းသည် Microsoft ၏ Insider Preview ဗားရှင်းများတွင် အစိမ်းရောင်ကို အသုံးပြုသည့် လုပ်ဆောင်ချက်နှင့် ကိုက်ညီစေပြီးအစိမ်းရောင်သည် အပြာရောင်ထက် စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်သည်ဟုယူဆမှုကြောင်းလဲပါဝင်သည်။
GSOD တွင် အရေးမကြီးသော အချက်အလက်များကို ဖယ်ရှားကာ အဓိကအမှားကုဒ်များနှင့် ရှင်းလင်းချက်များကို ပိုမိုထင်ရှားစွာပြသထားပါသည်။ထို့အတူပြဿနာဖြေရှင်းနည်းများအတွက် QR ကုဒ်များကို ဆက်လက်ထည့်သွင်းထားသော်လည်း၊ စာသားများစွာမပါဘဲ ရှင်းလင်းစွာပါဝင်လာမည်။
Microsoft error ဖြစ်ပေါ်ပြီးနောက်စနစ်ပြန်လည်လည်ပတ်နိုင်ရန် လုပ်ဆောင်ချက်များကို မြှင့်တင်ထားပြီးGSOD သည် cloud-based ဖြစ်သည့်အတွက်အလိုအလျောက်သိရှိနိုင်သလိုပြန်လည်ပြင်ဆင်ခြင်း သို့မဟုတ် safe mode သို့ အလိုအလျောက်ဝင်ရောက်ခြင်းကဲ့သို့ အကြံပြုချက်များကိုကူညီပေးမှာပါ။
အချို့က Windows ၏လိုအပ်နေသော stable ဖြစ်ရန်နှင့်ပြဿနာများကို ဒီဇိုင်းပြောင်းလဲမှုလောက်နှင့်ဖြေရှင်းနိုင်မလားဟု မေးခွန်းထုတ်ကြပါသည်။
BSOD လုံးဝပျောက်ကွယ်သွားမလားဆိုရင် Windows 11 version24H2 နှင့်အထက်တွင် GSOD ကို အစားထိုးသော်လည်း၊ ဗားရှင်းဟောင်းများတွင် BSOD ဆက်ရှိနေပါမည်။
