1 w - Translate

ပီအက်စ်ဂျီအသင်းရဲ့ ဘယ်နောက်ခံလူ နူနိုမန်ဒက်စ်က အခုအချိန်မှာ တော်တော်လေးကို ချီးကျူးခံနေရတယ်။ သူကအခုမှအသက် 22 နှစ်အရွယ်ပဲရှိသေးပေမယ့် ကစားပုံကောင်းတယ်၊ နည်းစနစ်ပိုင်းမြင့်တယ်၊ တိုက်စစ်ရော ခံစစ်ကိုပါ ကူပေးနိုင်တယ်။

အသက်ငယ်တာကြောင့်လည်း သူ့ရဲ့မြန်နှုန်းမြင့်ပြေးအားကိုသုံးပြီး တစ်ပွဲလုံးကစားနိုင်တယ်။ နူနိုမန်ဒက်စ်ရဲ့ ချန်ပီယံလိဂ်နောက်ဆုံး 3 ပွဲစွမ်းဆောင်ရည်ကိုကြည့်လိုက်တော့လည်း 3 ပွဲလုံးကအလန်းစားတွေချည်းပဲ။

လီဗာပူးနဲ့တွေ့တော့ ကောင်းလှပါတယ်ဆိုတဲ့ ဆာလာကို နှစ်ကျော့လုံးမှာ သွင်းဂိုးရော၊ ဖန်တီးမှုပါ မလုပ်နိုင်အောင် ထိန်းကစားခဲ့တယ်။ လီဗာပူးနဲ့ပွဲမှာ ပီအက်စ်ဂျီရဲ့နောက်တန်းကစားသမားတွေထဲ rating အမြင့်ဆုံးလည်းဖြစ်ခဲ့တယ်။ အက်စတွန်ဗီလာနဲ့ မနေ့ညကကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာလည်း နူနိုမန်ဒက်စ်က 1 ဂိုးသွင်းပြီး 1 ဂိုးဖန်တီးနိုင်ခဲ့ပါသေးတယ်။

image