❝ ဘဝက စိတ်ပျက်ဖွယ် ကောင်းလာတဲ့အခါ ခဏတာ အနားယူလိုက်ပါ ❞
ယုံကြည်မှုပျက်စီးသွားတဲ့အခါ ၊ မျှော်လင့်ချက်တွေ ပျက်စီးသွားတဲ့အခါ ၊ ကိုယ်ချစ်ရတဲ့သူ စွန့်ခွာသွားတဲ့အခါ ဘာမှဆက်မလုပ်ခင် ခဏလောက် ရပ်တန့်ပြီး အနားယူလိုက်ပါ ။
ဖြစ်နိုင်ရင် လျှံကျနေတဲ့ သစ္စာဖောက်ဇာတ်လမ်းတွေ ၊ စိတ်ပျက်စရာအကြောင်းအရာတွေ ၊ နာကျင်စရာအဖြစ်ပျက်တွေကို မေ့ထားပြီး စားရင်း ၊ သောက်ရင်း သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းလိုက်ပါဘ။ တစ်ယောက်တည်းဖြစ်ဖြစ် ၊ သူငယ်ချင်း တစ်ယောက်ယောက်နဲ့ဖြစ်ဖြစ် ရုပ်ရှင်ကြည့်ဖို့သွားပါ ။ ဟာသကားတွေကို မကြိုက်တတ်ဘူးဆိုရင်တောင် ရယ်စရာအကောင်းဆုံး ဇာတ်ကားကို ရွေးပြီး အသားကုန်ရယ်ပစ်လိုက်စမ်းပါ ။
နာကျင်နေတဲ့ ဒဏ်ရာကို ဖြေသိမ့်ဖို့ ကြိုးစားနေရပေမယ့် ရင်ကိုထိစေတဲ့ သီချင်းတစ်ပုဒ်ကိုရွေးပြီး ထပ်ခါ ထပ်ခါ နားထောင်ရင်း လိုက်ဆိုပစ်လိုက်ပါ ။ ဒါနဲ့တောင် ဒဏ်ရာတွေ အနာမကျက်သေးဘူးဆိုရင် အားလပ်ရက်ယူပြီး ခရီးထွက်လိုက်ပါ ။ ကိုယ်သွားချင်တဲ့နေရာကို တစ်ယောက်တည်း သွားလိုက်ပါ ။ သင်ရယ် ၊ လမ်းရယ် ၊ သစ်ပင်တွေရယ် ပဲပေါ့ ။
တစ်ယောက်တည်း အချိန်တွေကို ကုန်ဆုံးပြီးတဲ့အခါ သင့်ရဲ့ ကိုယ်ပိုင်နေရာလေးဆီ သွားပြီး မျက်လုံးတွေကိုမှိတ် ၊ စိတ်တွေကို ရှင်းရှင်းလင်းလင်း ထားလိုက်ပါ ။ သင်က တရားမထိုင်ဖူးရင်တောင်မှ ရင်ထဲမှာ မေတ္တာတရားတွေကို မွေးမြူပြီး အရာအားလုံးကို လက်ခံနိုင်ဖို့ ကြိုးစားပါ ။ မျက်လွှာကို အောက်ချပြီး အသည်းကွဲနေတဲ့ သင်ဟာ တစ်ချိန်တုန်းက ကျွန်တော်ဖြစ်ခဲ့သလို ကျွန်တော်လည်း တစ်ချိန်တုန်းက သင်ဖြစ်ခဲ့ဖူးပါတယ် ။ ဒါကြောင့် မိတ်ဆွေအတွက် ဒီနေ့ ဆုတောင်းပေးပါတယ် ။
#ငြိမ်းချမ်းမှုကိုရှာဖွေခြင်း
