1 w - Translate

ဒေါ်နယ်ထရမ့်ရဲ့ အခွန် တိုးမြှင့်မှုကြောင့် iPhone ဈေးနှုန်းဟာ ဒေါ်လာ ၂,၃၀၀ လောက်အထိ တက်သွားနိုင်
===========================================================
Apple ဟာ iPhone အပါအဝင် တခြား ကုန်ပစ္စည်းတွေကို တရုတ်မှာ အဓိက ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ မကြာခင်က ဒေါ်နယ်ထရမ့်က တရုတ်ကို အခွန်တိုးမြှင့်လိုက်တဲ့အတွက် Apple iPhone တွေရဲ့ ဈေးနှုန်းဟာ တော်တော်တက်သွားနိုင်ပါတယ်။
ပညာရှင်တွေက Apple အတွက် ရွေးချယ်စရာ ၂ ခု ရှိတယ်လို့ ပြောပါတယ်။ တစ်ခုက အခွန်တိုးမြှင့်မှုဒဏ်ကို Apple က ခံမလားဆိုတာ ဖြစ်ပါတယ်။ နောက်တစ်ခုက Customer တွေကို ဈေးနှုန်းတိုးမြှင့်ရောင်းချမလားဆိုတာ ဖြစ်ပါတယ်။
Apple က ဒုတိယ နည်းလမ်းကို ရွေးချယ်ရင်တော့ iPhone 16 ရဲ့ ဈေးဟာ ၇၉၉ ဒေါ်လာ ကနေ ၁,၁၄၂ ဒေါ်လာ ဖြစ်သွားမှာပါလို့ လေ့လာဆန်းစစ်သူ Rosenblatt Securities က ပြောပါတယ်။ iPhone 16 Pro Max ဟာ ၁,၅၉၉ ဒေါ်လာ ကနေ ၂,၃၀၀ ဒေါ်လာအထိ တက်သွားနိုင်ပါတယ်။
ဒါတင်မကသေးပါဘူး။ Apple Watch ဈေးနှုန်းဟာ ၄၃ ရာခိုင်နှုန်း၊ iPad ဟာ ၄၂ ရာခိုင်နှုန်းနဲ့ AirPods , Macs ဟာ ၃၉ ရာခိုင်နှုန်း တက်သွားနိုင်ပါတယ်။

image