1 w - Translate

#နိုင်ငံတကာသတင်း
◼ထရန့်အခွန်ထိုးနှက်မှုခံရသောကားလုပ်ငန်းအတွက်အမေရိကန်ဒေါ်လာနှစ်ဘီလီယံအရေးပေါ်အကူအညီအစီအစဉ် တောင်ကိုရီးယား ထုတ်ပြန်
တောင်ကိုရီးယားနိုင်ငံမှ နိုင်ငံခြားတင်ပို့မှုကို အဓိကအားထားနေရသော ကားလုပ်ငန်းအတွက် ကန်ဒေါ်လာ နှစ် ဘီလီယံ ကူညီပေးမည့် အရေးပေါ်‌ထောက်ပံ့ရေးအစီအစဉ်ကို အစိုးရ က ယနေ့တွင် ထုတ်ပြန်ပြောကြားပြီး ကားလုပ်ငန်းအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အခွန် ၂၅ ရာခိုင်နှုန်းမှာ ကြီးမားသော ထိုးနှက်ချက်ဖြစ်နိုင်ကြောင်း သတိပေးပြောကြားသည်။
ကားများနှင့် ကားအစိတ်အပိုင်းများသည် တောင်ကိုရီးယားက အ‌မေရိကန်သို့ အများဆုံးတင်ပို့နေသော ကုန်ပစ္စည်းများ ဖြစ်သောကြောင့် ယင်းပစ္စည်းများအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ချမှတ်ခံရခြင်းသည် ကားလုပ်ငန်းအတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်နိုင်‌ကြောင်း အထောက်အပံ့အစီအစဉ်အား ကြေညာချိန်၌ အစိုးရက ‌ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်တွင် ဒေါ်နယ်ထရန့်က အမေရိကန်၏ အဓိကကုန်သွယ်ဘက်များအပေါ် ကြီးလေးသော အခွန်စည်းကြပ်မှုများကို ‌ကြေညာခဲ့ပြီး ယင်းအနက် အများဆုံးအခွန်များမှာ ယနေ့ စတင် အသ က်ဝင်လာမည်ဖြစ်ပြီးတောင်ကိုရီးယားနိုင်ငံမှ ကုန်ပစ္စည်းများလည်း အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်ခံရမည်ဖြစ်သည်။
အမေရိကန်နိုင်ငံတွင် ရောင်းချသော နိုင်ငံခြားလုပ်ကားများအပေါ် ကြီးလေးသော အခွန်များ ဒေါ်နယ်ထရန့်က ချမှတ်ခဲ့ခြင်းကြောင့် ကမ္ဘာ့စီးပွားရေးအလားအလာအပေါ် စိုးရိမ်မှုများရှိလာခဲ့ခြင်းနှင့်အတူ အာရှ၏ စတုထ္တစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သောတောင်ကိုရီးယားသည်လည်း ကတိုက်ကရိုက်တုံ့ပြန်မှုများ လုပ် ဆောင်နေရသည်။
ကားလုပ်ငန်းနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် လတ်တလောအရေးအပါဆုံးလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ကားလုပ်ငန်းအား အကာအကွယ်ပေးမည့် အစီအစဉ်များကို စတင်ရန် ဆိုးလ် က ဆုံးဖြတ်ခဲ့ကြောင်း အစိုးရထုတ်ပြန်ချက် က ဆက်လက်ပြောကြားသည်။
ရှေ့ဆက်၍လည်း လုပ်ငန်းအပေါ် ထိခိုက်မှုအတိုင်းအတာပေါ် မူတည်၍ ပြောင်းလွယ်ပြင်လွယ်ကိုင်တွယ်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရ က ကတိပြုထားသည်။
တောင်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သည့် နှစ်အတွင်း အမေရိကန်သို့ ကားနှင့် ကားလုပ်ငန်းဆက်စပ်ပစ္စည်း ကန်ဒေါ်လာ ၄၂ ဒသမ ၉ ဘီလီယံပမာဏအထိ တင်ပို့ခဲ့ကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား-AFP

image