1 ပတ် - ဘာသာပြန်ပါ။

ရန်ကုန်တွင် မိုးသည်းထန်စွာရွာသွန်း မိုးကြိုးပစ်ခြင်း တစ်ကြိမ်ဖြစ်ပေါ်
ရန်ကုန်မြို့နှင့်အနီးပတ်ဝန်းကျင်မြို့နယ်များတွင် ယနေ့ ဧပြီ(၉) မွန်းလွဲပိုင်းအချိန်၌ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးကြိုးပစ်ခြင်း တစ်ကြိမ်ဖြစ်ပေါ်ခဲ့သည်။
မိုးရွာသွန်းမှု မိုးရေပမာဏများပြားသည်ကို တွေ့ရှိရပြီး ၊ မိုးရွာသွန်းခြင်းနှင့်အတူ လေတိုက်ခတ်မှုများလည်းဖြစ်ပွားခဲ့သည်။
"မြောက်ဒဂုံမှာ မိုးရွာနေရင်းနဲ့ မိုးကြိုးပစ်တာ တစ်ကြိမ်ဖြစ်သွားတယ်။ မိုးခြိမ်းတာမဟုတ်ဘူး။ မိုးကြိုးပစ်သွာတာ"ဟု မြို့ခံတစ်ဦးက ပြောသည်။
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းကြောင့် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်မိုးရွာသွန်းမည်ဖြစ်ကြောင်းသိရသည်။
ထို့အတူ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် အခြားတိုင်းနှင့် ပြည်နယ်တို့တွင်နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းမည်ဖြစ်ကာ ရွာရန်ရာနှုန်း ၈၀ ဖြစ်သည်ဟု မိုး/ဇလက အသိပေးထားသည်။

image