1 ပတ် - ဘာသာပြန်ပါ။

နေရောင်ပင်မမြင်ခဲ့ရသော Japanese M4
ဂျပန်ကားထုတ်လုပ်သူအများစုက စာဖတ်သူတို့ ကျွန်တော်တို့ ဘော်ဒါအုပ်စုထဲက တစ်ကောင်ကောင်နှင့် သွားတူတယ်ဗျ၊ ဘာကြီးလုပ်မယ် ဘာသွားမယ်ဆိုပြီး သူဘဲ ဦးစီးဦးဆောင် အစီအစဉ်ချပြီး သွားမည့်/လုပ်မည့် အချိန်တန်မှ ရှော်သွားတတ်သူပေါ့။
Tokyo Auto Salon နှင့် International Motor Show ကားပြပွဲတွေနီးလာလေလေ Concept မော်ဒယ် leak အသစ်တွေ၊ လူတိုင်း မျက်ခုံးပင့်သွားရလောက်အောင် အထင်ကြီးစရာကောင်းတဲ့ မြင်းကောင်ရေကိန်းဂဏန်းတွေ၊ “ ဒါ ဂျပန်ကားတဲ့လား “ လို့တောင် မေးခွန်းထုတ်ချင်စရာကောင်းတဲ့ ဒီဇိုင်းမျိုးတွေနှင့် ဆွဲဆောင်လေ့ရှိပြီး လက်တွေ့မှာတော့ flop သွားခဲ့တာ လက်တစ်ဆုပ်စာ ရှိခဲ့ပါပြီ။
လက်တစ်ဆုပ်စာမလို့ နည်းတယ်ထင်ရပေမယ့် တကယ့်လက်တွေ့မှာတော့ ဂျပန်ကားလောကကို ရွှေခေတ်လို့ တင်စားနိုင်တဲ့ 90’s JDM Era ကို ပြန်လည် restore လုပ်ပေးနိုင်မည့် significant model များပါ။
ဥပမာပြောရရင် Japanese AMG GTR Pro လို့တင်စားနိုင်တဲ့ LC-F၊ နောက်ပြီးတော့ M4 CSL၊ AMG GTR Pro၊ Ford Mustang GT500 တို့နှင့် ရင်ဘောင်တန်းနိုင်တဲ့ RC-F GT road-car စသဖြင့်ပေါ့။ သို့ပေမယ့်လို့ Formula One Team အကူအညီပါရယူခဲ့ပြီး press release များစွာ၊ video showcase များစွာ ထွက်ရှိခဲ့ပြီးမှ လူမသိသူမသိ မေ့ဖျောက်ခံလိုက်ရတဲ့ တစ်စီးကတော့ ဒီကနေ့တင်ဆက်ပေးမည့် Infiniti Q60 Project Black S (2019 - 2021) ပါ။
မြင်းကောင်ရေ (၅၀၀) ကျော်အပြင် special-tuned racing suspension + aerodynamic bodywork ရရှိထားတဲ့ ဟောဒီက အမေရိကန်မြေဖွား ဂျပန်ကားလေးက ပျင်းစရာကောင်းလှတဲ့ 400 hp ဝန်းကျင်သမာရိုးကျ ဂျပန် sports car idea ကို ဖောက်ထွက်ပြီး global attention ရယူပေးမည့် သိုးမည်းတစ်ကောင်ဖြစ်ခဲ့ပေမယ့်လည်း ဘတ်ဂျတ်မလုံလောက်တော့ခြင်း၊ ဈေးကွက်ဝယ်လိုအားမရှိခြင်း၊ Performance Marque အသစ်အတွက် ဈေးကွက်ဗြူဟာမရှိခြင်း စသည်တို့ကြောင့်ဘဲ လူမသိသူမသိ တိမ်မြုပ်သွားခဲ့ရပါတယ်။
Honda မှာလိုမျိုး MUGEN ရှိရင် tuner လက်ထွက် မော်ဒယ်အဖြစ် ထုတ်လုပ်ဖြစ်မည့် ကားလေးဗျ။ အခြေအနေ၊ အကြောင်းအရင်းများသာ နေသာတဲ့ဘက်ရှိရင် ထုတ်ဖြစ်မယ်လို့ ကျွန်တော်သေချာရသလဲဆိုရင် ဒီကားက မည်သည့်ဂျပန်ကားထုတ်လုပ်သူမှ ၂၀၁၉ မှာရှိမနေခဲ့တဲ့ character မျိုးကို ရှိနေလို့ဖြစ်ပါတယ်။
Handbuilt ထုတ်တဲ့ Acura NSX PMC နှင့် AWD Track-monster ဖြစ်တဲ့ NISMO R35 GT-R တို့လောက် အင်ဂျင်နှင့် မြင်းကောင်ရေပိုင်း မသာသော်လည်း Mk4 Supra Turbo၊ LF-A ခေတ်ပြီးကတည်းက တိမ်မြုပ်သွားသော FR (ရှေ့အင်ဂျင်၊ နောက်ယက်) layout sportscar ဒီအန်အေကို ဂျာမန်အင်ဂျင်နီယာရင်း အဆင့်နီးနီးပိုင်ဆိုင်ထားတဲ့ တစ်ခေတ်မှ တစ်ခါပေါ် မိုးကျရွှေကိုယ် မလို့ပါ။
အနီးစပ်ဆုံး ပြိုင်ဘက်မော်ဒယ်ကတော့ BMW G92 M4 CSL ဖြစ်ပြီး ဒီ ဘာဗေးရီးယားနယ်ဖွား ကိုယ်ချောကိုလည်း horsepower၊ acceleration နှင့် အင်ဂျင်ပိုင်းတို့မှာ စိန်ခေါ်နိုင်ပါတယ်။ Renault F1 Team ကျေးဇူးဖြင့် dual-hybrid powertrain ကိုရရှိထားပြီး Nissan (Infiniti) ရဲ့ စွမ်းဆောင်ရည်ကောင်းမွန်ပြီးသား VR30DDTT 3.0L Twin-Turbo V6 အင်ဂျင်ကို 563 hp ထွက်ရှိစေအောင် tuning ပြုလုပ်ထားတယ်။
BMW ကတော့ ၎င်းရဲ့ M မော်ဒယ်တွေ turbo lag အနည်းဆုံးနှင့် မြင်းကောင်ရေအများဆုံးဖြစ်အောင် BMW® Twin Power Turbo စနစ်ကို အသုံးပြုသော်လည်း Infiniti ကတော့ ဖော်မြူလာဝမ်းမှ တိုက်ရိုက်ဆင်းသက်လာတဲ့ MGU-K (Motor Generator Unit - Kinetic)၊ MGU-H (Motor Generator Unit - Heat) တို့ဖြင့် ဘရိတ်နင်းချိန်တွင် သက်ရောက်သော kinetic energy၊ တာဘိုများမှ ထွက်သော အပူရှိန် heat energy တို့ကို သိုလှောင်ပြီး power delivery နှင့် efficiency တို့မှာ ပြန်လည်အသုံးချပါတယ်။ မြန်ဆန်ဖို့ချည်းတင်မဟုတ်ဘဲ efficiency ပိုင်းအတွက်ပါ စီစဉ်ထားပြီးသား ကားလေးတစ်စီးပေါ့။
Aerodynamic ပိုင်းမှာဆိုရင်လည်း စာဖတ်သူတို့ မြင်တဲ့အတိုင်းဘဲ ကာဗွန်ဖိုက်ဘာ rear diffuser အကြီး၊ front slipper များနှင့် rear wing တို့ကို ပိုင်ဆိုင်ထားပါတယ်။ သွက်လက်တည်ငြိမ်ပြီး handling ကောင်းသလို high speed မှာလည်း ဝပ်နေမည့် ဒီဇိုင်းမျိုးပါဗျ။ အတွင်းခန်းကတော့ Renault F1 Team-inspired လက်ရာဖြစ်တဲ့အတွက် black interior ကိုမှ အဝါရောင် highlight design feature အနည်းငယ်နှင့် သေသေသပ်သပ်ပြုလုပ်ထားပါတယ်။
Comfy ဖြစ်ဖြစ်နှင့် Performance Luxury ဘက်ကို သွားတဲ့ပုံစံပေါ့။ Motorsports-related ကားတစ်စီးမလို့ ဒီလိုရုပ်ထွက်၊ ဒီလို အတွင်းခန်းမျိုးပိုင်ဆိုင်တာမဆန်းဘူး 0-60 လည်း အမြန်ဆုံးကြီးမဟုတ်ပေမယ့် ဘာကြောင့်များ ဒီကားက လက်တွေ့မထုတ်ဖြစ်ရသလဲကတော့ အပေါ်က ပြောခဲ့တဲ့အတိုင်းပါဘဲ။
သို့ပေမယ့် တစ်ချက်ထောက်ပြချင်တဲ့အချက်က ဒီကားဟာ Renault နှင့် Nissan တို့ရဲ့ နည်းပညာ၊ တည်ဆောက်မှုပိုင်းတို့ကို showcase ချပြချင်တဲ့ အိမ်စာတစ်ပုဒ်သာဖြစ်သလို အကယ်လို့များ လက်တွေ့ထုတ်လုပ်ဖြစ်ခဲ့ရင်လည်း အစီးရေ (၅၀၀ - ၁၀၀၀) ကြား limited trim level ဖြစ်သည့်အတွက် production version ထွက်ဖို့က ပြီးခဲ့တဲ့နှစ် ၂၀၂၃ လောက်ထိ ကြာနိုင်ပါတယ်။
ဒီကားကို သူ့ရဲ့ နည်းပညာနှင့် ဒီဇိုင်းကြောင့်သာ သဘောကျပေမယ့် ကျွန်တော်ကိုယ်တိုင်လည်း ကားတစ်စီးကို F1-Team နှင့်တွဲထုတ်ထားလို့ဆိုတဲ့ အကြောင်းအရင်းတစ်ခုနှင့်ဘဲ ဒေါ်လာ (၂) သိန်းလောက် ပေးချင်မှာမဟုတ်ဘူးဗျ။ ဒီဈေးဆိုရင်တော့ LC500 ကို exhaust၊ supercharger နှင့် Artisan Spirits bodykit တပ်ပြီးစီးမှာပေါ့။ သို့သော်လည်း Project Black S ကိုတော့ ထုတ်ခဲ့စေချင်တယ်၊ ဒါမှလည်း Infiniti အနေနှင့် ၎င်းတို့ Performance Lineup မှာ ရသင့်ရထိုက်တဲ့ brand အသိအမှတ်ပြုမှုကို ရရှိမှာပါ။ အခုဟာကကျ Luxury SUV တွေချည်း အာရုံစိုက်ခံရပြီး sportscar ဘက်မှာက အင်ဂျင်ချင်းတူတဲ့ Nissan Z (400Z) ကိုသာ ပိုမိုရွေးချယ်ချင်ကြတဲ့ သဘောကို တွေ့ရပါတယ်။ Nissan မှာက စွမ်းဆောင်ရည်မြင့် trim/version ဆိုပါလျှင် NISMO တံဆိပ်ကပ်စရာရှိပြီး IPL (Infiniti Performance Line) ဆိုပြီး မထင်မရှားဖြစ်လို့နေပါတယ်။

image