1 w - Translate

CBF ရဲ့ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြသစ်ဆန်ခါတင်စာရင်းထဲမှာ မော်ရင်ဟိုပါဝင်လာ
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)ရဲ့ဘရာဇီးလ်အသင်းနည်းပြသစ်ဆန်ခါတင်(၄)ဦးစာရင်းထဲမှာ ဖီနာဘာချီအသင်းနည်းပြမော်ရင်ဟိုလည်း ပါဝင်လာပါတယ်။

ဘရာဇီးလ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)မှာ အာဂျင်တီးနားအသင်းကို(၁-၄)ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ပြီးနောက် နည်းပြဒိုရီဗယ်လ်ဂျူနီယာကို ရာထူးကထုတ်ပယ်ခဲ့ပြီး နည်းပြသစ်ခန့်အပ်ဖို့ ရှာဖွေနေတာပါ။

ဘရာဇီးလ်သတင်းမီဒီယာ Globo က ဖီနာဘာချီအသင်းနည်းပြမော်ရင်ဟိုဟာ ဘရာဇီးလ်အသင်းနည်းပြသစ်အဖြစ် CBF က စဉ်းစားနေတဲ့ ထိပ်တန်းနည်းပြ(၄)ဦးထဲက တစ်ဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ CBF ရဲ့ဆန်ခါတင်နည်းပြ(၄)ဦးစာရင်းထဲမှာ မော်ရင်ဟိုအပါအဝင် ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီ၊ အယ်လ်ဟီလယ်အသင်းနည်းပြ ဂျော့ခ်ျဂျီးဆပ်နဲ့ ပါလ်မီးရပ်စ်အသင်းနည်းပြ အေဘယ်လ်ဖာရဲရားတို့ပါဝင်နေတာပါ။

CBF ဟာ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြအန်ဆယ်လော့တီကို ဘရာဇီးလ်အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အဓိပစ်မှတ်ထားနေတာဖြစ်ပါတယ်။ အန်ဆယ်လော့တီက ရီးရဲလ်မက်ဒရစ်အသင်းနည်းပြရာထူးဟာ သူ့ရဲ့နောက်ဆုံးနည်းပြအလုပ်အကိုင်ဖြစ်တယ်လို့ ထုတ်ပြောထားတာပါ။ ဒါပေမယ့် CBF က ဒါကိုလက်မလျှော့သေးဘဲ အန်ဆယ်လော့တီကို နည်းပြသစ်အဖြစ်ခန့်အပ်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
ဥရောပထိပ်တန်းကလပ်တွေကို ကိုင်တွယ်ခဲ့တဲ့ ဖီနာဘာချီအသင်းနည်းပြမော်ရင်ဟိုဟာ နိုင်ငံလက်ရွေးစင်အသင်းတစ်သင်းကို ကိုင်တွယ်ချင်တဲ့ ဆန္ဒရှိနေတာပါ။ ဒါပေမယ့် လက်ရှိအချိန်မှာ အယ်လ်ဟီလယ်အသင်းနည်းပြ ဂျော့ခ်ျဂျီးဆပ်ဟာ ဘရာဇီးလ်အသင်းနည်းပြရာထူးကို ရယူနိုင်ဖို့ ထိပ်ဆုံးက ရေပန်းစားနေပါတယ်။

image