1 w - Translate

My weekend drive
----------------------------
ဒီလိုမျိုးWeekendတွေမှာဘာမှလုပ်စရာမရှိအိမ်မှာပဲနေနေရရင်ကျွန်တော်ကားထွက်ထွက်မောင်းပါတယ်။ဘာလို့မောင်းလဲဆိုကားမောင်းရတာကိုကြိုက်နှစ်သက်လို့ပါ။ကားကလဲကိုယ်ကြိုက်တဲ့ကားကိုမောင်းရမှပါ။Engine powerသေးသေး၊ကားကComfort ride qualityမရရင်ကျွန်တော်မကြိုက်ပါဘူး။ဆီပေါနေလို့လားဆိုတော့လဲကိုယ့်ရဲ့စိတ်ပျော်ရွှင်မှု/Pleasureတစ်ခုကိုပေးစွမ်းနိုင်တာတစ်ခုအတွက်ဆီဘယ်လောက်စားစားမမှု့ပါ။
ဒီနေ့လိုမျိုးမိုးအုံအုံ၊နေမထွက်တဲ့Weatherနဲ့ French Rivieriaပေါ်ကSt. Tropezမြို့လေးစီကိုVintage Carတစ်စီးနဲ့သွားချင်ပါတယ်။ 1961 Mercedes-Benz 300SL Roadsterနဲ့ပါ။ နောက်ပိုင်းကားတွေTechnologyတွေမြင့်လာပြီးရှုပ်ရှက်ခက်နေတဲ့Interiorတွေထက်တစ်ခါတစ်လေဘာမှမပါဘဲရိုးရိုးရှင်းရှင်းလှနေတဲ့50s,60sလောက်ကကားတွေကိုပဲသဘောကျမိပါတယ်။
Vintage Carတွေကိုကျွန်တော်သဘောကျတာတော်တော်ရှားပါတယ်။ဒီကားကတော့ငယ်ငယ်ကတည်းကရုပ်ရှင်တွေထဲမှာ၊Carအကြောင်းရေးတဲ့စာအုပ်တွေထဲမှာဆိုလဲ Gullwing နဲ့ ပုံကအမြဲပါနေကျပါ။ ဒီကားဘယ်လောက်တောင်ကြိုက်လဲဆိုကျွန်တော်ငယ်တုန်းကdiecastကိုခေတ်ပေါ်ကားတွေပဲဝယ်နေတာကနေပုံထဲကRoadsterအနီရောင်ကိုInteriorအဝါလေးနဲ့လက်ဆောင်ရဖူးတာကနေစပြီးVintage carတွေကိုသဘောကျသွားတာပါပဲ။
အဲ့ခေတ်ကကားရဲ့Body lineတွေ, Mercedes logoနဲ့ဘီးခွေကြီးတွေအရမ်းသဘောကျပါတယ်။ Driver Side mirrorတစ်ခုပဲပါတာသတိထားမိပါလား? အဲ့ခေတ်ကSide Mirrorနှစ်ခုဆိုတာအရမ်းLuxuryဖြစ်တဲ့ကားတွေမှာမှပါတာပါ၊Laneတွေနည်း၊ကားတွေလဲနည်းသေးတော့မလိုတဲ့Gimmicky Featureလို့ထင်ကြလို့လဲဖြစ်မှာပါ။ နောက်ကြည့်မှန်ဆိုတာလဲခေါင်မိုးမှာမရှိဘဲအလယ်Dashboardမှာပဲထောင်ထားတာပါ။
Interiorဆိုလဲရိုးရိုးရှင်းရှင်းနဲ့လှတာပါ။ Mazda Jeepလိုမျိုး Steering Wheel DesignကိုမှHornကအထဲကChromeနဲ့တစ်ကွင်းပါ။ Dashboardဆိုလဲ Leather wrappedပါ။
Drive trainကို 3.0L Inline Sixကို 4-speed manualပါ။ တောင်တက်တောင်ဆင်းလမ်းတွေမှာမညှာဘဲတော်တော်နင်းပြီးGearချိန်းလိုက်ပြောင်းလိုက်နဲ့မောင်းလို့ကောင်းမယ့်ကားပါ။
နိဂုံးချုပ်အနေနဲ့ဆိုVintage Carတွေထဲမှာဒီကားကကျွန်တော်အကြိုက်ဆုံးကားတွေထဲကတစ်စီးပါ။ ဘာလို့ကြိုက်လဲဆိုသူဖြစ်နေလို့ကိုကြိုက်တာပါ။ တစ်နေ့တော့ French Riviera ကို Roadster/ GT Carနဲ့အားရပါးရမောင်းပါအုံးမယ်။ကျွန်တော့်ရဲ့Wishlistထဲကတစ်ခုပေါ့။

image
image
image