1 ပတ် - ဘာသာပြန်ပါ။

ဘောက်ဆင်နဲ့ MMA မှာ ဘာက အန္တရာယ်ပိုများသလဲ
စိတ်ဝင်စားဖို့ကောင်းပါတယ်။ အချိန်ပေးပြီး သေချာဖတ်စေချင်ပါတယ်။ ဘောက်ဆင်ကစားနည်းဟာ နှစ်ထောင်ပေါင်းများစွာတည်းက ရှိခဲ့ပေမယ့် ကြေးစားပွဲတွေကို ၁၈၉၁ ခုနှစ်မှ စတင်ခဲ့တာပါ။ ဘောက်ဆင်ရဲ့ ပင်မလက်နက်က လက်သီးပဲလေ၊ ဦးခေါင်းနဲ့ ခန္ဓာကိုယ်ကို ပစ်မှတ်ထားတယ်။ ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ဘောက်ဆင်အလဲထိုးပွဲတွေကို ဒီမှာ bit.ly/2BJfkh4 ကြည့်ပါ။
MMA ကစားနည်းကို ၁၉၉၃ ခုနှစ်မှာ စတင်ခဲ့ပေမယ့် (၂၁) ရာစုမှာ လူကြိုက်များလာခဲ့တယ်။ Stand Fight နဲ့ Ground Fight ကို ရောသမမွှေထားတော့ အမြင်ဆန်းသလို ရသပိုစုံတယ်လို့ ခံစားရတယ်။ ကြမ်းပြင်ပေါ်မှာ သွေးသံရဲရဲနဲ့ သူသေကိုယ်သေ ဆော်ကြတာပါ၊ အရမ်းဝင်ရင် ထမ်းစင်နဲ့ ပို့ရတဲ့ အဆင့်ထိကို ရောက်တယ်။ Nate Diaz ရဲ့ သွေးထွက်သံယိုပွဲတွေကို ဒီမှာ bit.ly/2BC63qU ကြည့်ပါ။ တိုက်ခိုက်ရေးအားကစားဆိုမှတော့ ထိခိုက်ဒဏ်ရာများတာပေါ့၊ ဒါပေမယ့် ပရိသတ်တွေ စိတ်ဝင်စားတာက ဘောက်ဆင်နဲ့ MMA မှာ ဘယ်အရာက အန္တရာယ်ပိုများသလဲဆိုတာပဲ။
အရင်တုန်းက ဘောက်ဆင်ပွဲတွေမှာ လက်အိတ်မသုံးဘူး၊ ဗလာလက်သီးထိုးကြတာပါ။ ၁၈၆၇ ခုနှစ်မှာ Marquess of Queensberry Rules ကို ပြဌာန်းပြီးတဲ့နောက် ဘောက်ဆင်ပွဲတွေမှာ လက်အိတ်ကို ဝတ်လာကြတယ်။ ဗလာလက်သီးထိုးတာက အမာနဲ့ ထိမိရင် (ဥပမာ- ဦးခေါင်းခွံ) လက်ချောင်းတွေကို ထိခိုက်နိုင်တယ်၊ ကျိုးစေနိုင်တယ်။ လက်အိတ်နဲ့ဆိုတော့ လက်ချောင်းတွေကို အန္တရာယ်မရှိတော့သလို လက်သီးလည်း ပိုပြင်းလာတယ်။
Welterweight (၁၄၇ ပေါင်) အထိ (၈) အောင်စ လက်အိတ်ကို သုံးပြီးတော့ Super Welterweight (၁၅၄ ပေါင်) နဲ့အထက်ကို (၁၀) အောင်စ လက်အိတ်နဲ့ ကစားစေတယ်။ ဘောက်ဆင်မှာက ဦးခေါင်းနဲ့ ခန္ဓာကိုယ်ကို ထိုးနှက်တာပါ၊ ဦးခေါင်းက အဓိကပဲ။ ဦးခေါင်းက အသက်အန္တရာယ်နဲ့ ပိုနီးတာလေ။ ထောက်လက်သီးက ဦခေါင်းကို ဆတ်ခနဲထိုးတယ်၊ အခွင့်သာရင် ပါဝါလက်သီးဆင့်တယ်။ အစောပိုင်းမှာ မသိသာပေမယ့် အချီဲကြာလာရင် လူက မူးဝေလာတယ်။ ဦးနှောက်က ကစင့်ကလျား ဖြစ်ကုန်တာပါ။ ဘောက်ဆင်သမားတွေရဲ့ လက်သီးကို ဘယ်သူမှ မယှဉ်နိုင်ဘူး၊ ဝိတ်တန်းတူရင် MMA သမားထက် လက်သီးပိုပြင်းတာပေါ့။ သူတို့တွေက လက်အိတ်ကြောင့် အကွဲအပြဲသိပ်မဖြစ်ပေမယ့် အတွင်းဒဏ်ပိုများတယ်။ ကြမ်းပေ့ရမ်းပေ့ ဘောက်ဆင်ပွဲကို ဒီမှာ bit.ly/2AaQLZW ကြည့်ပါ။
MMA ပွဲတွေမှာ ဝိတ်တန်းပဲ ကွာရင်ကွာမယ်၊ အားလုံးက (၄) အောင်စ လက်အိတ်ကိုပဲ သုံးတယ်။ သူတို့မှာက လက်သီးတင် မဟုတ်တော့ဘူး၊ ခြေကန်ချက်၊ တံတောင်ရိုက်ချက်၊ ချုပ်ကွက်၊ အပူးအလုံးတွေ ပါလာပြီ။ ပစ်မှတ်ထားတာက ခန္ဓာကိုယ်အနှံ့ပဲ။ အကွက်စုံပေမယ့် ဘောက်ဆင်မှာလို လက်သီးချက် မများဘူး။ Ground Fight သမားတွေဆို လက်သီးသိပ်မသုံးဘူး၊ ချုပ်ကွက်ပဲ ဦးတည်တာပါ။ ဘောက်ဆင်နဲ့စာရင် ဦးခေါင်းကို သိပ်မထိကြဘူး။ Head Kick နဲ့ ဦးခေါင်းကို တိုက်ရိုက်ထိပြီး ပွဲသိမ်းတာမျိုးက ရှားပါတယ်။ တခြားအစိတ်အပိုင်းတွေက သွေးထွက်ပေမယ့် အသက်အန္တရာယ် သိပ်မရှိဘူး။ Bloody Fight ဆိုပေမယ့် သူတို့တွေမှာ အပေါ်ယံဒဏ်ရာက များပါတယ်။ အရိုးကျိုးတယ်၊ ကွဲတယ်ပြဲတယ် ဒီလောက်ပါပဲ။ သွေးမြေခတဲ့ MMA ပွဲကို ဒီမှာ bit.ly/2U3erX1 ကြည့်ပါ။

image