1 w - Translate

ယိုရိုကတော့ ၁၂ ပွဲဆက်တိုက် ဘောလုံးနဲ့အတူ ကျော်ဖြတ်မခံရတဲ့ မှတ်တမ်းကို ရနေပြီ။ ယူနိုက်တက်က ရလဒ်တွေ ဆိုးနေခဲ့ပေမယ့် သူ့ရဲ့ တဦးချင်းခြေစွမ်းကတော့ အားရစရာကောင်းနေတယ်လို့ ပြောရမယ်။ ပြိုင်ဘက်ကစားသမားတွေဟာ သူ့ကို တဦးချင်းကျော်ဖြတ်နိုင်ဖို့အတွက် ခက်ခဲနေတဲ့ သဘောပါပဲ။
အမော်ရင်ရဲ့ ချီးကျူးမှုကိုရထားသလို ယူနိုက်တက်အတွက် အနာဂတ်မှာ အားကိုးရမယ့်သူလို့ပါ သတ်မှတ်ခံထားရတဲ့ ပြင်သစ်ကြယ်ပွင့်ရဲ့ ဒီစွမ်းဆောင်ရည်မှတ်တမ်းက ကျေနပ်စရာဖြစ်နေပါလိမ့်မယ်။ လာမယ့်ရာသီမှာ သူ့ဆီကနေ ဒီထက်ပိုကောင်းတဲ့ ပုံစံမြင်ရမှာ သေချာတယ်။
လီဂူးမှာ ခြေစွမ်းပြနေခဲ့ပြီးနောက် သူ့ကို ကြေးကြီးပေးပြီး ယူနိုက်တက်က ခေါ်ခဲ့ရတာပါ။ ရောက်ရောက်ချင်းပဲ ဒဏ်ရာရသွားလို့ မကစားရပေမယ့် အခု ပွဲကစားခွင့်တွေ အများကြီးရလာပြီး အားကိုးရမယ့် ပုံစံမျိုးကို ပြသနေပါပြီ။

image