1 ပတ် - ဘာသာပြန်ပါ။

ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်ကို “မန္တလေးငလျင်ကြီး”ဟု ခေါ်ဝေါ်သုံးစွဲရန် ညွှန်ကြား
ရန်ကုန်၊ ဧပြီ ၈
မတ်လ ၂၈ ရက်နေ့က လှုပ်ခက်တဲ့ ပြင်းအား ၇.၇ အဆင့်ရှိတဲ့ မြေငလျင်ကို “မန္တလေးငလျင်ကြီး”လို့ ရည်ညွှန်းခေါ်ဝေါ်ဖို့ နစကမှ ဧပြီလ ၇ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
ယခုလို သတ်မှတ်ခြင်းဟာ မှတ်တမ်းပြုစုခြင်းနဲ့ ရည်ညွှန်းပြောဆိုရာမှာ တူညီလွယ်ကူစေဖို့ အတွက်ဖြစ်တယ်လို့ နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။
မီဒီယာတွေအနေနဲ့လည်း “မန္တလေးငလျင်ကြီး”လို့ ရေသားပေးကြဖို့လည်း ဆိုထားပါတယ်။
စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အးပြင်းငလျင်ကြောင့် ဧပြီလ ၆ ရက်နေ့အထိ အသက်ဆုံးရှုံးခဲ့ရသူ ၃,၆၀၀ ဦး၊ ဒဏ်ရာရရှိသူ ၅,၀၁၇ ဦး၊ ပျောက်ဆုံးနေသူ ၁၆၀ ဦးရှိကြောင်း နစကရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

image