ထမင်းစားမြိန်စေမဲ့ #သစ်တိုသီး ငါးပိကြော်နည်း Save😋😋
ပါဝင်ပစ္စည်းများ.......
- သစ်တိုသီး (အခွံခွာ အလယ်ခွဲ အစေ့ထုတ်ပြီး ပြုတ်ထားပါ ပြီးရင် အအေးခံပြီးထောင်းပါမယ်)
- ပုစွန်ခြောက် (ရေဆေးပြီးထောင်းထား)
- ကြက်သွန်နီ (ပါးပါးလှီးထား)
- စိမ်းစားငါးပိ
- ငရုပ်သီးစိမ်း
- အချိုမှုန့်
- ငရုပ်သီးအစိမ်းမှုန့်
- နနွင်းမှုန့်
- ဆီ
လုပ်နည်း........
ဆီပူထဲ နနွင်းမှုန့် ငရုပ်သီးအစိမ်းမှုန့် ထည့် ကြက်သွန်နီဆီသတ် ငါးပိထည့်မွှေ သစ်တိုသီးထောင်းထားတာထည့်မွှေ ပုစွန်ခြောက်ထောင်းထားတာထည့်မွှေပြီး ရေနည်းနည်းလေးထည့်
ကျက်ခါနီး ငရုပ်သီးစိမ်းထည့် ရပါပြီးနော်......😋
ငရုပ်သီးစိမ်းမထည့်ရင် ဆီပူထဲ ငရုပ်သီးခြောက်ကြော်ပြီးဆယ်ထား ငါးပိကြော်လေးနဲ့ ကိုက်စား 😁😋

image