1 ပတ် - ဘာသာပြန်ပါ။

အားနာသင့်တာကိုမှ အားနာပြီး
ပြတ်သားသင့်တဲ့ အရာတွေကို ပြတ်ပြတ်သားသား လုပ်ဆောင်တတ်အောင် ကြိုးစားရဦးမယ် ။

တချို့သောအရာတွေကို ဥပေက္ခာတရားတွေ ထားပြီး တချို့သောအရာတွေကို မေတ္တာတရားတွေနဲ့ သည်းခံပြီး တချို့သောအရာတွေကို ခွင့်လွှတ်တတ်အောင်
သင်ယူရဦးမယ် ။

ဒေါသတွေကို အပြုံးတွေနဲ့
လက်တုံ့ပြန်တတ်အောင် ကြိုးစားရင်း
လက်သည်းတွေကို နေရာတိုင်းမှာ
ထုတ်မပြရအောင် ဝှက်ထားရင်း
အစစ်အမှန်နဲ့ အတုအယောင်တွေကို ခွဲခြား သိမြင်ပြီး အတိအကျ ထပ်တူထပ်မျှ ပြန်ပေးနိုင်အောင်
သင်ယူရဦးမယ် ။

ပူလောင်မှုတွေ ကြားထဲက
အေးမြခြင်းတွေကို ရှာဖွေမယ် ။
သောကတွေကို ဖယ်ရှားပြီး
ပျော်ရွှင်စရာတွေကို ဝေမျှပေးမယ် ။
ယုံကြည်မှုကို အသက်လို တန်ဖိုးထားတဲ့
ရပ်ဝန်းထဲမှာ နေမယ် ။
နောက်ကျောကို ဓားနဲ့မထိုးတတ်တဲ့
ပတ်ဝန်းကျင်မှာ ရှင်သန်မယ် ။

စိတ်တူကိုယ်တူတွေ ဓာတ်ပြုရင်း
အိပ်မက်တွေကို အရောင်ခြယ်ကြတာပေါ့ ။

#ကေသရီ #ရွက်ကျပင်ပေါက်

image