မေတ္တာတွေ အမျိုးမျိုးရှိတယ်
တချိုက ခန္ဓာကိုယ်ကို လိုချင်တယ်
တချိုက စိတ်ကို လိုချင်တယ်
ဒါပေမဲ့ ကိုယ့်မေတ္တာကကျ
သူပြုံးပျော်နေတာလေးပဲလိုချင်တယ်၊
နေခြည်နွေးလေးတွေပဲ
သူ့ကိုယ်ပေါ် ဖြာကျစေချင်တယ်၊
အမြဲကျန်းမာစေချင်တယ်၊
သူဟာ ကိုယ်ပိုင်ရသည်ဖြစ်စေ
မပိုင်ရသည်ဖြစ်စေ ကိုယ်ဟာ
အကောင်းဆုံး ချစ်ပေးလိုက်ဖို ဆန္ဒရှိတယ်။
