1 ပတ် - ဘာသာပြန်ပါ။

လူတစ်ချို့ဟာ အမြဲတမ်း
ခေါင်းငြိမ့် ပေးလိုက်တဲ့အခါ...
ငါ... ဘာပြောပြော
ဖြစ်တယ် ဆိုပြီးတော့
တွေးထားခဲ့ကြတယ် ။
လူတစ်ချို့ဟာ အမြဲတမ်း
နားလည်ပေးလိုက်တဲ့ အခါ ...
ငါ... ဘာလုပ်လုပ်
ဖြစ်တယ် ဆိုပြီးတော့
ယူဆထားခဲ့ကြတယ် ။
လူတစ်ချို့ဟာ အမြဲတမ်း
အရူံးပေးလိုက်တဲ့ အခါ...
ငါ... သူ့အပေါ်ကို
အမြဲတမ်း အနိူင်ယူနိုင်တယ်
ဆိုပြီးတော့ မှတ်ယူထားခဲ့ကြတယ် ။
လူတစ်ချို့ကို အမြဲတမ်း
ခေါင်းငြိမ့် ပေးလိုက်တာ
နားလည် ပေးလိုက်တာ
အရူံး ပေးလိုက်တာဟာ ဟာ...
အနိူင်မလိုချင်လို့
အရူံးပေးလိုက်တာ
ဘာမှမပြောပဲ နုတ်ဆိတ်
နေလိုက်တာဟာ ကိုယ်က
အ နေလို့မှ မဟုတ်ခဲ့တာ...
မတူလို့ မတုတာကို သူတို့
မသိခဲ့ကြပြန်ဘူး ။
#crd

image