1 ပတ် - ဘာသာပြန်ပါ။

မလေးရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများရောက်ရှိ
မလေးရှားနိုင်ငံမှ ကယ်ဆယ်ရေး အဖွဲ့ဝင် WAN ZAINAL ABIDN BIN WAN YAACOB ပါ ၁၃ ဦးနှင့် ဘယ်လာရုစ်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ ယမန်နေ့တွင် နေပြည်တော် (တပ်မတော်) လေဆိပ်သို့ရောက်ရှိခဲ့ကြောင်း သိရသည်။
မလေးရှားနိုင်ငံမှ ကယ်ဆယ်ရေး အဖွဲ့ဝင် WAN ZAINAL ABIDN BIN WAN YAACOB ပါ ၁၃ ဦးနှင့် ကယ်ဆယ်ရေး ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ၊ စောင်များနှင့် စားသောက်ဖွယ်ရာများ ၁၀၈၈၈ ကီလိုဂရမ် တင်ဆောင်၍ မလေးရှားနိုင်ငံ၊ Kuala Lumpur Subang Airportမှ နေပြည်တော် (တပ်မတော်) လေဆိပ်သို့ လည်းကောင်း၊ ၈ နာရီ ၃၄ မီနစ်အချိန် မလေးရှားနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ဝင် MOHD HAFIFI HAFIDZ BIN ABD RAZAK ပါ ၁၃ ဦးနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်း များ၊ စောင်များနှင့် စားသောက်ဖွယ်ရာများ၊ မီးဖိုချောင်သုံး ပစ္စည်းများ အလေးချိန် ၈၂၁၂ ကီလိုဂရမ်တင်ဆောင်၍ မလေးရှားနိုင်ငံ၊ Kuala Lumpur Subang Airportမှ နေပြည်တော်ရှိတပ်မတော်လေဆိပ်သို့ လည်းကောင်း ရောက်ရှိခဲ့သည်။
ထို့ပြင် ၁၁ နာရီ ၃၀ မိနစ် အချိန်တွင် MAI လေကြောင်းလိုင်းဖြင့်ကယ်ဆယ်ရေး ပစ္စည်းစုစုပေါင်း အလေးချိန် ၁၅၂၅၀ ကီလိုဂရမ်တင်ဆောင်၍ မလေးရှား နိုင်ငံ KUALA LUMPURINTERNATIONAL AIRPORT မှ နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ ရောက်ရှိလာပြီး ၎င်းပစ္စည်းများအား မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒေါက်တာ ဒေါ်တင်တင်လေး မှ လွှဲပြောင်းလက်ခံခဲ့ကြောင်း သိရသည်။
အလားတူ ဘယ်လာရုစ်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများဖြစ်သည့် ဆေးဝါး နှင့် တဲများပါဝင်သည့် ၁၉၄၀၀ ကီလိုဂရမ်သယ်ဆောင်၍ Ministry of Emergency Situation ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဟူဒါလျက်ဗ် အလက်ဇန်းဒါ ဦးဆောင် သည့်အဖွဲ့သည် နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

imageimage