1 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ရန်ကုန်ရှိ မြို့တော်ခန်းမရှေ့ ဆောက်လုပ်နေသည့်ရေကစားမဏ္ဍပ် ပြန်ဖျက်သိမ်းနေ
ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ ဆောက်လုပ်နေသည့် ရေကစား မဏ္ဍပ် ဖျက်သိမ်းနေကြောင်းသိရသည်။
ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင်ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် အတွက် ပြင်ဆင်ဆောက်လုပ်နေခြင်း ဖြစ်ပြီး လတ်တလောတွင်ရပ်တန့်ကာ ပြန်လည်ဖျက်သိမ်းနေခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့်အင်အားပြင်း ငလျင်ကြောင့် ဧပြီ ၅ ရက်အထိ စာရင်းများအရလူပေါင်း ၃၅ဝဝ ကျော်သေဆုံးခဲ့ပြီး သာသနိကအဆောက်အအုံများ၊ လူနေ အဆောက်အအုံများနှင့် လမ်း၊တံတားများ အများအပြားပျက်စီးခဲ့ရကြောင်း သိရသည်။
ယခုနှစ်သင်္ကြန်ကို ငလျင်ဘေးဒဏ်ကြောင့် သီဆိုကခုန်ခြင်းများ မပါဝင်ဘဲ အေးချမ်းစွာကျင်းပသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ထားပြီးရေကစားမဏ္ဍပ်အချို့ကိုလည်း ပြန်လည်ဖျက်သိမ်းမှုများ ရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ -CJ

image