1 ပတ် - ဘာသာပြန်ပါ။

ရခိုင်မုန့်တီ (ခ) အာပူလျှာပူချက်နည်း 🌶
သူ့ရာသီစားလေးမို့ မိုးစက်​လေး နဲ့အတူသောက်ကောင်းနေမယ် အိမ်ချက်လုပ်နည်းလေးပါရှင့် 🥵
နှစ်သက်သောချက်နည်းအား အသုံးပြုနိုင်စေရန် စုစည်းပေးခြင်းဖြစ်ပါသည်။ 😍
ရခိုင်မုန့်တီ အရည်/အသုပ် (ကိုယ်ပိုင်ဟန်အနည်းငယ်စွက်ထားပါတယ်)
ငါးခူ (ကြိုက်တဲ့ငါးသုံး) ကိုပဲသုံးထားပါတယ်။ ဟင်းရည်အတွက် ပဒဲကောရယ်၊ ဂျင်းရယ်၊ အနည်းငယ်သုံးထားပါတယ်။
(ပဒဲကောနဲ့ဂျင်းကမွှေးပြီး ငါးပြုတ်ညှီနံ့ပျောက်စေပါတယ်)
ငါးပြုတ်ပြီးအရိုးနွှင်ပါမယ်။ သုံးပုံနှစ်ပုံကိုဟင်းရည်အတွက်ထားပြီး တစ်ပုံကိုအသုပ်မှာထည့်သုံးဖို့အတွက်ချန်ပါမယ်။
ငရုတ်စိမ်းတွေပြုတ်ပါမယ်။ ဆားသကြား (အချိုမှုန့်) ခပ်ပြီးထောင်းပါမယ်။ ပြီးရင်တော့ အသုပ်အတွက်ချန်ထားတဲ့ငါးပြုတ်ထဲကနည်းနည်းယူပြီးရောပါတယ်။
(မရောပဲ မန်ကျည်းချဉ်ရည်နဲ့ ဖျော်လိုက်လည်းရပါတယ်)
ကြက်သွန်စိမ်း နံနံပင် အဆင်သင့်ပါးပါးလှီးထားပါမယ်။
ငါးပြုတ်ရည်ထဲကို နွှင်ထားတဲ့ငါးပြုတ်ရယ် စိမ်းစားငါးပိရယ် ပဒဲကောရယ် ဂျင်းနည်းနည်းနဲ့ ငရုတ်ကောင်းမှုန့်နိုင်နိုင်ခတ်ပြီး ဆူအောင်တည်ပါမယ်။
(ဆားထပ်ခတ်ဖို့လိုမယ် သကြား (အချိုမှုန့်နည်းနည်း)။
ဒါဆိုရင် ရခိုင်မုန့်တီ အရည်ကော အသုပ်ကောအတွက် မုန့်ပွဲပြင်ဆင်ဖို့ အားလုံးအဆင်သင့်ဖြစ်ပါပြီရှင့်....။
ရိုးရှင်းလွယ်ကူပြီး ရှူးရှူးရှဲရှဲနဲ့စားကောင်းလှတဲ့ " ရခိုင်မုန့်တီ "
ရခိုင်မုန်.တီ အသုပ်နှင့် အရည်လုပ်နည်း.......
ပါဝင်ပစ္စည်းများ .......
မုန့်ဖတ် - ၅၀ သား
ငါးခူ - ၁ ကောင် (ဟင်းရည်ပြုလုပ်ရန်)
ငါးဖယ် - ၁၀ သား (ကြော်ပြီး အရှည်လှီးထားပါ)
ငရုတ်သီးစိမ်း - ၂၀ တောင့်
မျှင်ငပိ - အနည်းငယ်
မန်ကျည်းသီးမှည့် - ကွမ်းသီးလုံးခန့် (ရေနွေးစိမ်ထားပါ)
စပါးလင်- ၁ ပင်
ပဒဲကော - ၁ တက်
ငါးငံပြာရည် - အနည်းငယ်
နနွင်းမှုန့် - အနည်းငယ်
အရသာမှုန့် - အနည်းငယ်
ငရုတ်ကောင်းမှုန့် - အနည်းငယ်
ငရုတ်သီးအကျက်မှုန့် - အနည်းငယ်
နံနံပင် - အနည်းငယ်
ကြက်သွန်ဖြူကြော်နှင့်ဆီချက်
ဟင်းရည်အတွက် ပြင်ဆင်ပါမယ်....။
အရင်ဆုံး ငါးခူကိုရေဆေးသန့်စင်ပြီး နနွင်းမှုန့်၊ ငပိ၊ ငံပြာရည်၊အရသာမှုန့်တို့နှင့် ရောနယ်ပါ။ ပြီးရင် စပါးလင်ကို ဓါးပြားရိုက်၊ ပဒဲကောကို ပါးပါးလှီးပြီး ငါးနဲ့ထည့်ပြုပ်ပါ။ ငါးနူးရင် ဆယ်ပြီးအသားနွှင်ထားပါ။ အရိုးတွေကိုပြန်ထည့်ပြုပ်ပြီး ဟင်းရည်ရပြီးဆိုရင် အရိုးအားလုံးကို ခပ်ထုတ်ပါ။ ငရုတ်ကောင်းမှုန့်ထည့်ပါ။
ငရုတ်သီးစိမ်းကို ရေနွေးနဲ့ပြုပ်ပြီးညက်အောင် ထောင်းထားပါ။
ရခိုင်မုန့်တီသုပ်ပြင်ဆင်ရန်.......
ဇလုံတစ်ခုထဲသို့ မုန့်ဖတ်တစ်ယောက်စာ၊ ငါးအသား၊
ငံပြာရည်၊ မန်ကျည်းရည်၊ ငရုတ်သီးပြုပ်ထောင်း၊
အရသာမှုန့်၊ ငရုတ်သီးအကျက်မှုန့်တို့ထည့်ပြီး သမအောင်ရောနယ်ပါ။ အရသာအဆင်ပြေရင် ပန်းကန်ထဲထည့်ပါ။ ငါးဖယ်၊ ကြက်သွန်ဖြူကြော်၊ နံနံပင်ထည့်ပါ။
အခုဆိုရင် အရသာစပ်စပ်လေးနဲ.ရခိုင်မုန့်တီသုပ်ကို ငါးပြုပ်ရည်လေးနဲ့ သုံးဆောင်နိုင်ပါပြီး....... 😋
ရခိုင်မုန်.တီအရည်နဲ.ပြင်ဆင်ရန်
ပန်းကန်ထဲကို မုန်.ဖတ်၊ငါးအသား၊ငရုတ်သီးစိမ်းပြုပ်ထောင်း၊
ငံပြာရည်၊မန်ကျည်းရည်၊ကြက်သွန်ဖြူကြော်၊ဆီချက်၊
ငါးဖယ်၊နံနံပင်ထည့်ပါ။ပြီးရင် ငါးပြုပ်ရည်လေးခပ်ထည့်ပြီး သုံးဆောင်နိုင်ပါပြီး......😋
...............................
ရခိုင်မုန့်တီသုပ် စပ်စပ်လေးလုပ်စားကြရအောင် 😍
ရခိုင်မုန့်တီသုပ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ငရုပ်သီးစိမ်း အနှစ်ချက်နည်း........
ငရုပ်သီးစိမ်းကို ရေနွေးဖြင့်ပြုတ်ပြီး ရလာသော ငရုပ်သီးစိမ်းကို ထောင်း ပါ သို့မဟုတ် blender ဖြင့် ကြိတ်လိုက်ပါ။
ရလာသော ငရုပ်သီးအနှစ်၊ ငပိ၊ ငါးအသားနွှင် ၃ ပုံ ၁ ပုံ၊ ဆားလိုသလောက် ခန့်မှန်းထည့်ကာ ကြိုချက်ပေးပါ။
ဆူပွက်လာချိန်မှာ အပေါ့အငန်းမြည်းပြီးရင် ငါးရွှေအဖတ်ကလေးများဖြင့် ငရုပ်သီးအနှစ်ချက်ရပါပြီး။
တချို့တွေကတော့ ငရုပ်သီးအနှစ်ချက်မှာ ဟင်းချိုမှုန့်ခတ်တတ်ကြပါတယ်။
နောက်ထပ် ပြင်ဆင်ထားရန်များ
-------------------------------------
ဆီချက်သတ်ပေးပါ။
မကျည်းသီးအနှစ်ရည် ဖျော်ထားပါ။
နံနံပင် လှီးထားပေးပါ။
ကြက်သွန်ဖြူနဲ့ ငရုပ်ကောင်းစေ့ အနည်းငယ် ရောထောင်းထားပေးပါ။
ကြက်သွန်စိမ်း ပါးပါးလှီးထားပေးပါ။ ( ကြိုက်သူများ အတွက်သာ)
သံပုရာသီး အစိပ်လေးတွေ လှီးထားပေးပါ။
ငရုပ်သီးအကျက်မှုန့် အနည်းငယ် ပြင်ဆင်ထားပါ။
ကိုယ်ကြိုက်ရာ ပဲကြော် ငါးဆုပ်ကြော် ၀ကျဆီဖတျ တမျိုးမျိုး ပြင်ဆင်ထားပါ။
အထက်က လုပ်နည်းတွေအတိုင်း လုပ်ထားပြီးပြီ ဆိုလျှင်တော့ ရခိုင်မုန့်တီ အရည်၊ အသုပ်အစုံ စားလို့ ရပါပြီးရှင်။
ရခိုင်မုန့်တီသုပ်နည်း......
ကိုယ်စားနိုင်မယ် ထင်သလောက် မုန့်ဖတ်ကို သုပ်မယ့် ခွက်ထဲထည့်ပါ။
ချက်ထားတဲ့ငရုပ်သီးအနှစ်ကို မိမိအစပ်ကြိုက်တဲ့အပေါ်မူတည်ပြီးထည့်ပါ။
မကျည်းသီးအနှစ်ဖျော်ရည် နည်းနည်းထည့်ပေးပါ။
ဆားလိုသလောက် ထည့်ပေးပါ။
ဆီချက်ကို ကြိုက်သူတွေလည်း ထည့်စားတတ်ကြပြီး မထည့်ပဲ စားတတ်တဲ့ သူတွေလည်း ရှိပါတယ်။
ရခိုင်မုန့်တီသုပ်မှာ ငရုပ်သီးအနှစ်ချက်က အဓိက ကျပါတယ်။
ကျမကတော့ မုန့်တီသုပ်ဆိုရင် မကျည်းနှစ်ဖျော်ရည်ဖြင့် သုပ်စားရတာ ကြိုက်ပြီး တစ်ချို့တွေကြပြလည်းသံပုရာသီး အနည်းငယ်ညှစ်ထည့်ကာ ကြက်သွန်စိမ်းပါးပါးလေး လှီးထည့်ကာ စားကြပြန်ပါတယ်။
ကိုယ်ကြိုက်နှစ်သက်ရာ အကြော်တစ်မျိုးကို ညှပ်ထည့်က ရောသုပ်လိုက်ပါ။
သုပ်ပြီးပြီးဆိုရင်တော့ အပေါ်ကနေ နံနံပင်ညှပ်ထားတာလည်းကို ထည့်လိုက်ပါ။

image