1 ပတ် - ဘာသာပြန်ပါ။

မျိုးနွယ်စုကစွန့်ပစ်တာကိုခံရတဲ့ မိန်းမငယ်တစ်ယောက်အနေနဲ့ တစ်ယောက်ထဲ အသက်ရှင်ရုန်းကန်ဖိုကြိုးစားရတဲ့အခါ

Alpha
2018 ‧ Adventure/Action ‧ 1h 36m

Imdb Rating 7/10 , Rotten Tomatoes 80% ရရှိထားတဲ့ Drama Mysteryကားကောင်းလေးတစ်ကားကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့ Alpha (2018) ပဲဖြစ်ပါတယ်။

တစ်မူထူးခြားတဲ့ ဇာတ်လမ်း ဇာတ်အိမ်ကို တောင့်တနေတဲ့ ပရိသတ်ကြီးအဖို လုံးဝအကြိုက်တွေ့စေမှာပါ။ဒီဇာတ်လမ်းရဲ့အဓိက ဇာတ်ဆောင် ကေဒါဆိုတဲ့ ကောင်လေးဟာ ကိုယ်ရှင်သန်ဖို သူများကိုသတ်ဖြတ်ရမယ်ဆိုတာကို လက်မခံနိုင်တဲ့ စိတ်သဘောထားနူးညံ့သူတစ်ဦးပါ။

ဒါပေမယ့် သူနေထိုင်ရာအချိန်က အသက်ရှင်ဖိုရုန်းကန်လှုပ်ရှားရတဲ့ ဥရောပရဲ့လွန်ခဲ့သောနှစ်ပေါင်းနှစ်သောင်းခန့်ကအချိန်ပါ။တစ်နေ့မှာ သူတိုမျိုးနွယ်စု ဆောင်းတွင်းရိက္ခာရှာဖို ကေဒါရဲ့အဖေဖြစ်သူ မျိုးနွယ်စုအကြီးအကဲနဲ့ အမဲလိုက်ထွက်ရပါတော့တယ်။

အမဲလိုက်နေစဉ်အတောအတွင်းမှာပဲ ကေဒါတောင်စောင်းပေါ်ကပြုတ်ကျပြီး ကျောက်ဆောင်တစ်ခုပေါ်မှာတင်ကာသတိလစ်သွားပါတော့တယ်။ဖခင်ဖြစ်သူလဲ မကယ်နိုင်ပဲ ကျန်ရှိနေတဲ့လူမျိုးစုအတွက် ကေဒါကိုထားခဲ့လိုက်ရပါပြီ။

စိတ်ထားနူးညံ့သူကေဒါ ဘယ်လိုဆက်အသက်ရှင်မလဲ?ကြမ်းတမ်းလှတဲ့တောနက်ကြီးမှာသူဘယ်လိုရှင်သန်ရပ်တည်မလဲ?သူရဲ့နူးညံ့တဲ့စိတ်ထားကရော သေရေးရှင်ရေးနဲ့ ကြုံလာတဲ့အခါ ဆက်လက်နူးညံနိုင်ပါ့မလားဆိုတာ ရင်တစ်ဖိုဖိုနဲ့ ကြည့်ရှုရမယ့် ကားကောင်းလေးပါ။

ဘဝခွန်အားတွေပါ ပေးစွမ်းနိုင်တဲ့ ကားကောင်းလေးဆိုလဲ မမှားပါဘူး။ဒီလိုကားကောင်းလေးကိုပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။နာမည်ကတော့ Alpha (2018)ပါ။

image