1 w - Translate

လောဘဟာ လူကို ထိန်းချုပ်နိုင်သွားပြီဆိုရင် တစ်ဘဝလုံး မရပ်တန့်တော့ပါဘူး ။ ဘယ်လောက်ပဲ ချမ်းသာအောင်မြင်သွားပါစေ ၊ ထပ်တိုးပြီး လိုချင်နေမှာ ဖြစ်တဲ့အတွက် ထပ်တိုးပြီး မကောင်းတာတွေ လုပ်နေမိပါလိမ့်မယ် ။ ပျော်ရွှင်အေးချမ်းမှုကတော့ သုညပေါ့ ။ လောဘဟာ လူကို ပင်ပန်းပူလောင်မှုတွေသာ ပေးပါတယ်။ ဘယ်လောက်ပဲ ပြည့်စုံသွားပါစေ ၊ လောဘကြောင့် ပျော်ရွှင်အေးချမ်းရမှာ မဟုတ်ပါဘူး ။
အသက်ရှင်နေရတာ ဘာအတွက်ပါလဲ ။ ပိုင်ဆိုင်မှုတွေများဖို့လား ။ အောင်မြင်မှုတွေ တိုးဖို့လား ။ လူတိုင်းကတော့ ပြည့်စုံ ကောင်းမွန်တဲ့ဘဝတစ်ခုကို လိုချင်ကြတာပေါ့ ။ ဒီလိုဆိုတိုင်း လောဘကို မွေးမြူပြီး အပူတွေနဲ့ ချမ်းသာအောင်မြင်တဲ့ဘဝကို ရယူ သင့်ရဲ့လား ။
ဘဝတစ်ခုရှင်သန်ခြင်းရဲ့ အဓိပ္ပာယ် အစစ်အမှန်ဟာ ပျော်ရွှင် အေးချမ်းမှုပါပဲ ။ ဒီအတွက် အရေးကြီးတာဟာ ကိုယ့်ရဲ့ ဖြစ်တည်မှု နဲ့ ပိုင်ဆိုင်မှုတွေကို ကျေနပ်တတ်ဖို့ ဖြစ်ပါတယ် ။ ဒါဟာ မကြိုးစားနဲ့လို့ ဆိုလိုတာ မဟုတ်ပါဘူး ။
လူဆိုတာ မျှော်လင့်ချက်ရှိရပါမယ် ။ ပိုပြီးကောင်းမွန်ပြည့်စုံတဲ့ ဘဝတစ်ခုကိုလည်း ဖန်တီးရပါမယ် ။ ဒီအတွက် ကြိုးစားရမှာဖြစ်ပြီး လိုချင်စိတ် လောဘသေးသေးလေးလည်း ရှိလို့ရပါတယ် ။ တစ်ချိန်တည်းမှာပဲ လက်ရှိအခြေအနေ နဲ့ လက်ရှိပိုင်ဆိုင်မှုတွေကို ကျေနပ်တတ်ရပါမယ် ။ လောဘစိတ်ကို သတိနဲ့ ထိန်းချုပ်ထားရပါမယ် ။ ဒီလိုမှသာ ကြိုးစားခြင်းတွေဟာ အပူအပင်ကင်းစွာနဲ့ ပိုပြီးအရာထင်မှာ ဖြစ်ပါတယ် ။ အောင်မြင်ခြင်းတွေကိုလည်း ပျော်ရွှင်ခြင်းတွေနဲ့အတူ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ် ။ ဒါ့အပြင် အကြည်ဓာတ်လေးတွေကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ် ။
#အေဒီ #ad

image