1 w - Translate

လူတစ်ယောက်မှာ အမြဲဖြူ စင်တယ်ဆိုတာ
မရှိပါဘူး ဒါပေမယ့် ဖြူ စင်အောင်တော့
အမြဲ ကြိုးစားပါ။
လူတစ်ယောက်ဟာ ဘယ်လောက်တော်တော်
အမြဲတန်းမှန်တယ် ဆိုတာ မရှိပါဘူး
ဒါပေမယ့် မှန်အောင်တော့ အမြဲကြိုးစားပါ။
လူတစ်ယောက်က အခြားသူအပေါ်
အမြဲ စိတ်ကောင်းထားနိူင်တယ် ဆိုတာမရှိပါဘူး
ဒါပေမယ့် ယုတ်မာတဲ့စိတ်မမွေးမိအောင် အမြဲ သတိထားပါ။
လူတစ်ယောက်က ကိုယ့်အပေါ်ကို
နိုင်ထက်စီးနင်းဆက်ဆံသူကို အမြဲ သည်းခံဖို့ဆိုတာ မလွယ်ပါဘူး
ဒါပေမယ့် ကိုယ်ကစပြီး မတရားမလုပ်မိအောင်
အမြဲကြိုးစားပါ။
လူ့လောကမှာ မုသားကင်းတဲ့ လူဆိုတာ
မရှိသလောက် ရှားပါးတယ်
ဒါပေမယ့် အတတ်နိူင်ဆုံး အလိမ်အညာနည်းအောင်တော့
အမြဲ ကြိုးစားပါ။
လူ့လောကမှာ ဟန်မဆောင်တတ်သူဆိုတာ မရှိပါဘူး
ဒါပေမယ့် ကိုယ့်အတ္တကြောင့်မဟုတ်ဘဲ
အခြားသူ စိတ်ချမ်းသာအောင်တော့ အမြဲကြိုးစားပါ။

#crd

image