သူများအမြဲရယ်နိုင်ပြီး
ကိုယ်တစ်ခါလောက်တောင် မပြုံးနိုင်တာ
သင့်စိတ်တွေ အပူခန်းထဲ
ဂျက်ကျနေလို့ပါ။
သူများ အမြဲနေသာပြီး
ကိုယ် တစ်ခါလောက်တောင် မအေးချမ်းတာ
သင့်အတွေးတွေ အတိတ်ဆိုးထဲ
သော့ပိတ်မိလို့ပါ။
ဖြည့်တန်တာ ဖြည့်တွေးပြီး
ဖြေတန်တာ ဖြေတွေးကြရအောင်။
ကိုယ့်အတွက် ပူစေမှန်းလည်း သိတယ်
လေးစေမှန်းလည်း
သေချာတယ်ဆိုတဲ့ အရာတွေအတွက်တော့
များများ လွှတ်ချလိုက်တာ
မြန် မြန် လွတ်လပ် သွားတာပါပဲ။
အေးမြတဲ့ဘဝဆိုတာလည်း
ထားတတ်တဲ့ စိတ်နဲ့ တည်ဆောက်ရသလို
ဖြေတတ်တဲ့ တရားနဲ့လည်း ရှေ့ဆက်ရသေးတာ။
-အေးရိပ်-
