1 w - Translate

Great Wall ဟိုတယ်ပြိုကျပျက်စီးမှုတွေကို ဖယ်ရှားပြီးနောက် ရုပ်အလောင်း ၈၀ ထက်မနည်းတွေ့ရှိ 🥹💔
ဧပြီလ ၆ ရက်နေ့ ဒီနေ့ တနင်္ဂနွေနေ့ မှာ ယိမ်းထိုးနေသော အဆောက်အအုံတစ်ဘက်အခြမ်းကို ဖြိုချဖျက်စီးပြီးတဲ့နောက် ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဖယ်ရှားရှင်းလင်းမှုကို တရုတ်၊ ရုရှားနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့ဝင်များနဲ့အတူ နာရေးကူညီမှုအသင်းမှ ကယ်ဆယ်ရေးအဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း Great Wall ဟိုတယ်ပြိုကျပြီးနောက် အထဲမှာကျန်ရစ်နေသော မိသားစုဝင်များကို ရှာဖွေကယ်ဆယ်ပေးရန်မိသားစုဝင်များက ရက်သတ္တပတ် ၉ ရက်ကြာနီးပါးလောက်တောင်းဆိုခဲ့ကြရပါတယ်။

#crd
#celenews

image